စစ်ကိုင်းမှာ ရေဘေးဒုက္ခသည် ငါးထောင်ကျော် ထပ်တိုး



ချင်းတွင်းမြစ်ရေမြင့်တက်လာတာကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းက ဒေသခံတွေကို ဇူလိုင်လ ၁ဝ ရက်နေ့ ကပြောင်းရွှေ့ပေးခဲ့စဉ်။ Photo: Myanmar Fire Services Department Facebook
စစ်ကိုင်းတိုင်းဒေသကြီးမှာ ချင်းတွင်းမြစ်ရေမြင့်တက်တာကြောင့် ရေဘေးလွတ်ရာကို ပြောင်းရွှေ့ရသူအရေအ တွက်ဟာ ဒီကနေ့မှာ  လူဦးရေငါးထောင်ကျော်  ထပ်တိုးလာတယ်လို့ တိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေးဦးစီးဌာနကနေ သိရပါတယ်။

ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက်မှာ ဆက်ရှိနေတာကြောင့် ရေဘေးလွတ်ရာကို ရှောင်လာကြ တဲ့ ရေဘေးဒုက္ခသည်တွေဟာ ဇူလိုင်လ ၃ ရက်နေ့ကနေ ဒီနေ့အထိ တစ်သောင်းရှစ်ထောင်ကျော်ရှိသွားပြီလို့ စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ဦးစီးမှူး ဦးစ၀ီလီဖရန့်က ပြောပါ တယ်။

ရေဘေးရှောင်လာသူတွေဟာ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ နဲ့ မြောင်၊ စစ်ကိုင်း တို့ကဖြစ်ပြီး မြို့နယ်အလိုက်မှာ ကူညီကယ်ဆယ်ရေး စခန်း စုစုပေါင်း ၅ဝ ကျော်ဖွင့်လှစ်ထားပြီး ကူညီထောက်ပံ့ တာတွေ ဆောင်ရွက်ပေးနေတယ်လို့ ဦးစဝီလီဖရန့် ကပြောပါတယ်။

ချင်းတွင်းမြစ်ရေ မြင့်တက်လာတာကြောင့် ဇူလိုင် ၆ ရက်ကစပြီး လူစီးအမြန်ရေယာဉ် အပါအဝင် ကုန်သယ်ရေ ယာဉ်တွေကို စစ်ကိုင်းတိုင်းအစိုးရက မောင်းနှင်ခွင့်တွေ ယာယီပိတ်ထားပါတယ် ။ ကားလိုင်းတချို့လည်း ပိတ်ထား တာကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

ချင်းတွင်းမြစ်ရေဟာ နောက်နှစ်ရက်အတွင်း ဖောင်းပြင်၊ မော်လိုက်၊ ကနီ မြို့တို့မှာ စိုးရိမ်ရေမှတ်အထက်မှာ ဆက် လက်ရှိနေမှာဖြစ်ပြီး မင်းကင်း၊ ကလေးဝ တို့မှာ နောက်တစ်ရက်အတွင်း၊ မုံရွာမှာ နောက်သုံးရက်အတွင်း စိုး ရိမ်ရေအမှတ်အထက် ဆက်လက်ရှိနေမယ်လို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန က ဒီနေ့မှာ ထုတ်ပြန်ထားပါ တယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.