ဘတ်စ်ကားလိုင်းများတွင် ကိုယ်ရကိုယ်ယူစနစ် ပယ်ဖျက်တော့မည်


ဘတ်စ်ကားလိုင်းတွေမှာ ကိုယ်ရကိုယ်ယူစနစ်ကို ပယ်ဖျက်တော့မှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့က အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။

မနေ့က YBS ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ပြောဆိုလိုက်တာပါ။ ယာဉ် ၂ စီး တိုက်မှုကြောင့် ၉ ယောက်သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရရှိတဲ့ လူနာတွေကိုတော့ အင်းစိန်ဆေးရုံနဲ့ မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင် ကုသနေပါတယ်။

မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည်လမ်းမကြီး ရွှေညောင်ပင်ဘိုးဘိုးကြီး နတ်နန်းဟောင်း အရှေ့မှာ မနေ့ မွန်းလွဲပိုင်း ဖြစ်ပွားတဲ့ ဒီကားတိုက်မှုမှာ YBS ၅၅ ကားချင်းပြိုင်မောင်းရာကနေ တိုင်းရော့ပြုတ်ပြီး မျက်နှာချင်းဆိုင်ယာဉ်ကြောကိုဝင်ပြီး ၃၇ ယာဉ်လိုင်းကားကို တိုက်ချလိုက်တာလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး ဒေါ်နီလာကျော်က သူရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ယာဉ်နှစ်စီးပြိုင်မောင်းရာကနေ စတိုက်ခဲ့တဲ့ YBS ၅၅ ယာဉ်လိုင်းဟာ ကိုယ်ရကိုယ်ယူစနစ်နဲ့ မောင်းနေတဲ့ ယာဉ်လိုင်းဖြစ်ပြီး၊ အတိုက်ခံရတဲ့ ၃၇ ယာဉ်လိုင်းဟာ BRT LITE ကားလိုင်းဖြစ်ပြီး၊ ယာဉ်မောင်းတွေဟာ လခစားတွေဖြစ်ပါတယ်။

===========

DVB TV News

http://burmese.dvb.no/archives/216774
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.