ဧရာဝတီတိုင်းမှာ သွေးလွန် တုပ်ကွေးကြောင့် သေဆုံးသူ ၂၂ ဦး အထိရှိ


ရန်ကုန်မြို့ ရပ်ကွက်တစ်ခုအတွင်း ခြင်အန္တရာယ်ကာကွယ်နိုင်ရန် ခြင်ဆေးလိုက်လံဖျန်းနေသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့ ရပ်ကွက်တစ်ခုအတွင်း ခြင်အန္တရာယ်ကာကွယ်နိုင်ရန် ခြင်ဆေးလိုက်လံဖျန်းနေသည်ကို တွေ့ရစဉ်
Photo: Kyaw Zin Than/ RFA
ဧရာဝတီတိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁ သောင်းကျော်ရှိနေပြီး သေဆုံးသူ ၂၂ ယောက် ရှိနေတဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ သေဆုံးသူ အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

ဟသာင်္တမှာ ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ၀ါးခယ်မမှာ သေဆုံးသူ အများဆုံးဖြစ်နေတာလို့ ဧရာဝတီ တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး က ပြောပါတယ်။

"သေဆုံးသွားတဲ့ အရေအတွက်ကတော့ ၂၂ ယောက်ဖြစ်ပါပြီ၊ တိုင်းဒေသကြီးတစ်ခုလုံးမှာ ဖြစ်ပါတယ်၊ ဟင်္သာတမှာ ဖြစ်ပွားတာ ဖြစ်ပေမယ့် လည်း သေဆုံးမှုအများ ဆုံးက ၀ါးခယ်မမြို့နယ်မှာ ဖြစ်နေတာရှိ ပါတယ်၊ ဖြစ်ပွားတာ ၁ သောင်းကျော်ကျော်လောက်ရှိပါပြီ"

အစိုးရအဖွဲ့အနေနဲ့ ဆေးဖြန်းတာတွေ၊ ဆေးစိမ်ပေးတာတွေ လုပ်ဆောင်ပေးနေသလို ပညာပေး လုပ်ငန်းတွေ လုပ်ပေးနေပေမယ့် ပြည်သူတွေက အိမ်တွင်းမှာ သိုလှောင်ထားတဲ့ ရေတွေကို ဖုံး၊သွန်၊လဲ၊ စစ် မလုပ် တာတွေ ကြောင့် ရောဂါဖြစ်ပွားမှုနှုန်းများတာဖြစ်တယ်လို့လည်း ဒေါက်တာလှမြတ်သွေး က ပြောပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းဟာ မြစ်ချောင်းအင်းအိုင် ပေါများတာကလည်း ရောဂါဖြစ်ပွားမှုနှုန်းများရခြင်းရဲ့ အကြောင်းရင်းတစ်ချက်ဖြစ်တယ် လို့လည်း ဒေါက်တာလှမြတ်သွေး က ဆိုပါတယ်။

မိုးတွင်းရဲ့ အလယ်ကာလဖြစ်တဲ့ ဒီဇူလိုင်လဟာ သွေးလွန်တုပ်ကွေး အဖြစ်အများဆုံးဖြစ်နိုင်တာမို့ အထူး သတိထားကြဖို့ သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေးဌာန စီမံချက်မန်နေဂျာ ဒေါက်တာဇော်လင်း က RFA ကို ပြောထားပါတယ်။

http://www.rfa.org/burmese/news/dengue-fever-ayeyarwaddy-state-07262017080527.html
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.