ဖွတ်ကြောပြာစုနိုင်ငံတော် ------သရ၀ဏ်(ပြည်)



“ ရေပါတ်လည်ဝိုင်းလျက်ရှိတဲ့ ကုန်းမြေကိုတော့
ပထ၀ီထဲဖတ်ဖူးတာ ကျွန်းဟုခေါ်သည်
ကျောင်းပြီးလို့ သီချင်းတွေဆိုကာဂစ်တာတီးစားတဲ့အခါ
အပေါင်းအသင်းများဝိုင်းနေသူကို
အကြွေးများနဲ့ဝိုင်းနေသူကို
လွှမ်းမိုးဟုခေါ်သည် “

ဒါက ကျွန်တော်တို့ငယ်စဉ်က ကြားခဲ့ရဖူးသောသီချင်းတစ်ပုဒ် ။ ထိုစဉ်ကနိုင်ငံကျော်အဆိုတော် လွှမ်းမိုး၏ လူသိများအောင်မြင်ခဲ့သော သီချင်းတစ်ပုဒ်မှစာသားများဖြစ်သည် ။ အကြွေးများနဲ့ဝိုင်းနေသူကိုလွှမ်းမိုးဟုခေါ်သည် ဆိုသော စာသားကို အလွန်နှစ်သက်သဖြင့် ထိုသီချင်းကိုဆိုတိုင်း သံပြိုင်လိုက်၍ သီဆိုမိသည် ။ သီချင်းစာသားအရဆိုလျှင်တော့အကြွေးတွေတင်နေသူမှာ ထိုသီချင်းကိုရေးသောသူနှင့် အဆိုတော်လွှမ်းမိုးသာဖြစ်မည် ။ ကိစ္စမရှိ ။ သူတို့အကြွေးက အချိန်တန်လျှင်ပြေလည်သွားမည့်အကြွေးဖြစ်မည် ။သိပ်များများစားစားလည်းဟုတ်ဟန်မတူ။ ယခုမြန်မာနိုင်ငံသည်လည်း လွှမ်းမိုးသီချင်းလိုဖြစ်နေသည် ။

“ ရေပါတ်လည်ဝိုင်းလျက်ရှိတဲ့ ကုန်းမြေကိုတော့
ပထ၀ီထဲဖတ်ဖူးတာ ကျွန်းဟုခေါ်သည်
အရေးအခင်းပြီးလို့ အဘတွေ အကုန် သူအုပ်ချုပ်တဲ့အခါ
မကောင်းသတင်းများဝိုင်းနေသူကို
အကြွေးများနဲ့ဝိုင်းနေသူကို
မြန်မာပြည်ဟုခေါ်သည် “

ဟုတ်လည်းဟုတ်သည် ။ မြန်မာနိုင်ငံသည်နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ သန်းကိုးထောင် (ကိုးဘီလျံ) တင်နေသည် ။ထိုအထဲတွင်တရုတ်နိုင်ငံမှချေးယူထားငွေမှာ ဒေါ်လာသန်းလေးထောင် (လေးဘီလျံ)ခန့် ရှိနေသည်ဆို၏ ။အခြားနိုင်ငံများမှချေးယူသောငွေများမှာအတိုးနှုန်းသက်သာသော်လည်း တရုတ်နိုင်ငံမှချေးငွေအများစုမှာ အတိုးနှုန်းမသက်သာလှပါပေ ။ အခြားနိုင်ငံများမှချေးငွေများမှာအတိုးနှုန်း ပျမ်းမျှ ၁ ဒဿမ ၈၅ ရာခိုင်နှုန်းသာရှိပြီး တရုတ်တနိုင်ငံမှချေးခဲ့သောငွေများမှာ အတိုးနှုန်း ၄ဒဿမ ၅ ရာခိုင်နှုန်းဖြစ်နေရာ အတိုးနှုန်းမှာနင့်နေအောင်ပေးရမည့်သဘောရှိသည် ။ ထိုအကြောင်းကို ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင် က
“ပြည်ပချေးငွေ များ၏ ပျမ်းမျှအတိုး နှုန်းမှာ ၁.၅၈ ရာခိုင်နှုန်းဖြစ်ပြီး အတိုးနှုန်း သုညမှ ၄.၅ ရာခိုင်နှုန်းအတွင်း ရှိပါသည်လို့ ဖော်ပြထားချက်ကိုကြည့်ရင် ကျွန်မတို့နိုင်ငံ ခံစားနေရတဲ့ ပျမ်းမျှအတိုးနှုန်းဟာ အတန်အသင့်ကြီးမြင့်နေကြောင်း ထင်ရှားပေါ်လွင်နေပါတယ် ။ ဆိုလိုတာက တရုတ်နိုင်ငံရဲ့ချေးငွေပမာဏနဲ့ အတိုးနှုန်းဟာ ကျွန်မတို့နိုင်ငံရဲ့ကြွေးမြီဝန်ထုပ်ဝန်ပိုး မှာအဓိကအခန်းကဏ္ဍကပါဝင်နေတယ်ဆိုတာ တွေ့ ရမှာဖြစ်ပါတယ် “ဟု ပြည်ထောင်စုလွှတ်တော်တွင်ပြောကြားခဲ့သည် ။မှန်ပေ၏ ။ ကျွန်တော်တို့နိုင်ငံတွင် ၁၉၈၈ မှစကာ ယခင်အစိုးရအဆက်ဆက်တွင် နိုင်ငံ၌ ငွေလိုတိုင်း တရုတ်ထံမှ အတိုးကြီးကြီးနှင့်ချေးငွေများကိုရယူကာ ဆင်သတ်အရပ်ဝေသလို ထင်သလိုသုံးဖြုန်းခဲ့ကြသည် ။မည်သည့်ခေတ်မှာမှမအောင်မြင်ခဲ့သော သမ၀ါယမ၀န်ကြီးဌာနကိုရှေ့တန်းတင်ဖွဲ့စည်း၍ တရုတ်မှရသောချေးငွေများကို ပဒေသာပင်ကြီးပေါက်သည့်သဖွယ်ဝေခြမ်းခဲ့ပါသည် ။ အလွယ်ရတိုင်းငွေတွေယူကြ၊ငွေတွေချေးကြ ၊ ပြီးတော့ပျော်ပျော်ကြီးသုံးကြသည့်ဒဏ်ကို ပြန်ဆပ်ရမည့်အချိန်တွင်ခါးစီးခံရမည်မှာ ၅၁.၄ သန်းသောမြန်မာနိုင်ငံသားများသာဖြစ်သည် ။

ယခုပင်လျှင်ထိုဒဏ်ကိုစတင်ခံစားရပေပြီ ။ မြန်မာနိုင်ငံသည် ရခိုင်ကမ်းလွန်ဒေသမှရရှိသော သဘာဝဓာတ်ငွေ့ များကို မြန်မာ-တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းဖောက်ကာ ရောင်းချခဲ့၏ ။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစကာ သဘာဝဓာတ်ငွေ့ များစတင်ပို့ လွှတ်ခဲ့သည် ။ အံ့သြစရာကိစ္စမှာ ထိုသဘာဝဓာတ်ငွေ့ ပိုက်လိုင်းတည်ဆောက်ရန် တရုတ်နိုင်ငံ China Development Bank မှ ယူရိုငွေ ၈၆ဒသမ ၁၆ သန်း ဖြင့် ၂၀၁၀ မှစကာချေးယူခဲ့ရာ ယခုအခါ အတိုးအရင်းပေါင်း ယူရိုငွေ ၁၀၃ ဒသမ ၆၄ သန်းအားပေးဆပ်ရန်ကျန်ရှိနေသေးသဖြင့် မြန်မာနိုင်ငံမှအမြတ်မရသေးဘူးဆိုသည့်သတင်းဖြစ်သည် ။ အံ့သြကုန်နိုင်ဖွယ်ဖြစ်ရပ်ပင်ဖြစ်သည် ။ ကိုယ့်နိုင်ငံမှဓာတ်ငွေ့များကို သူများနိုင်ငံသို့  တင်ပို့ ရောင်းချတာ ၂၀၁၀ မှစတွက်လျှင် (၇)နှစ်တိတိရှိပြီ ။ အမြတ်မရရုံမက ကိုယ်ကပေးရမည့်ပိုက်ဆံပင် အတိုးအရင်းပေါင်း ယူရို ၁၀၄ သန်းနီးပါး တင်နေသော စီးပွားရေးမှာ ဘာစီးပွားရေးလဲဟုမေးချင်ပါသည် ။ ဘယ်လိုမှနားမလည်နိုင်စရာ အဘတို့၏လုပ်ကွက်များဖြစ်သည် ။ စီမံကိန်းတွင် တရုတ်CNPC ကုမ္မဏီက ၅၀ ရာခိုင်နှုန်း ၊ တောင်ကိုရီးယား ဒေ၀ူးကုမ္မဏီမှ ၂၅ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံ ONGC ကုမ္မဏီမှ ၈ ရာခိုင်နှုန်း ၊ အိန္ဒယနိုင်ငံ GAIL ကုမ္မဏီမှ ၄ဒသမ ၁၇ ရာခိုင်နှုန်း ၊တောင်ကိုရီးယားနိုင်ငံ KOGAS ကုမ္မဏီမှ ၄ ဒသမ ၁၇ ရာခိုင်နှုန်း ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ၇ ဒသမ ၃၆၅ ရာခိုင်နှုန်း ပါဝင်ဆောင်ရွက်ခဲ့သည်ဟု ဆို၏ ။ အော်အံ့သြကုန်နိုင်ဖွယ်ဖြစ်ရပ်ပါလား ။ ကိုယ့်နိုင်ငံကဓာတ်ငွေ့ ကို သူများရောင်းတာ မမြတ်သည့်အပြင်အကြွေးတောင်တင်သည်ဆိုသော နိုင်ငံသည် ကမ္ဘာမှာ မြန်မာနိုင်ငံသာရှိလိမ့်မည် ။ ထိုအလုပ်မျိုးကိုကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်သူမှာ နေရာတကာနှံ့စပ်သိမြင်သောအဘတို့သာလုပ်နိုင်ပေလိမ့်မည် ။

လူပြိန်းတွေးတွေးကြည့်ရလျှင် ထိုဓာတ်ငွေ့ များကိုထုတ်ရောင်းသဖြင့် မြန်မာနိုင်ငံက အကြွေး သန်းပေါင်း များစွာဆပ်၍မဆုံးဖြစ်နေပေရာ ၊အစထဲကထုတ်မရောင်းလျှင် ဓာတ်ငွေ့ တွေလည်းမကုန် အကြွေးလည်း မတင်ပဲနေမည်ဖြစ်သဖြင့် ဘာလို့များ ကိုယ့်သယံဇာတတွေသူများကိုထုတ်ရောင်းနေသေးလဲဟုမေးရမလိုဖြစ်နေပေသည် ။ ထိုစီမံကိန်းများမှ ၊ထိုချေးငွေများမှ ၊ထိုရှယ်ယာများမှ အာဏာပိုင်များသည်အကျိုးအမြတ် သူတို့မိသားစုများအတွက်မည်ရွေ့ မည်မျှရခဲ့မလဲဆိုတာကိုတော့ နိုင်ငံတော်စာရင်းစစ်ချုပ်ရုံးနှင့် အထူးစုံစမ်းစစ်ဆေးရေးဌာနတို့ သာ လုပ်ခွင့်ရခဲ့ပါက အလုပ်လုပ်ရမည့်အပိုင်းဖြစ်သည် ။ နိုင်ငံသားတွေကတော့ ကိုယ့်ဓာတ်ငွေ့ လည်းကိုယ်မသုံးရပဲနိုင်ငံခြားပို့ ရသည့်အပြင် တရုတ်ကိုဆပ်ရမည့်အကြွေးများလည်း တရိပ်ရိပ်တိုးလာနေပါပြီ။ တော်လည်းတော် တတ်လည်းတတ်နိုင်လှသော သွားလေသူများပါတကား ။ ထိုသူများလက်ထက်တွင် တိုင်းပြည်သည် ဆင်းရဲမွဲတေသွားတာကို ယနေ့မှစကာ မည်သို့ မျှမအံ့သြတော့ပါကြောင်း။

သရ၀ဏ်(ပြည်)

သူရိယအလင်းဂျာနယ်
၂.၇.၂၀၁၇

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6923,interview,212,knowledge,7,Live,8,LocalNews,15024,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: ဖွတ်ကြောပြာစုနိုင်ငံတော် ------သရ၀ဏ်(ပြည်)
ဖွတ်ကြောပြာစုနိုင်ငံတော် ------သရ၀ဏ်(ပြည်)
https://3.bp.blogspot.com/-7y-EU7gm16w/WViG8D7PThI/AAAAAAAAcyA/_b2dtXSu8DEoYwpsew97neT2Kr3PAg3FQCLcBGAs/s640/q1.jpg
https://3.bp.blogspot.com/-7y-EU7gm16w/WViG8D7PThI/AAAAAAAAcyA/_b2dtXSu8DEoYwpsew97neT2Kr3PAg3FQCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/07/blog-post_26.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/07/blog-post_26.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy