ထိုင်းနိုင်ငံ တောင်ပိုင်ပြည်နယ် သူကြီးနေအိမ် သေနတ်သမားများ ၀င်ရောက်စီးနင်း မိသားစုဝင်အားလုံး အသတ်ခံရ (၈)ဦးသေဆုံး (၄)ဦးဒဏ်ရာပြင်းထန်


11-7-2017

ထိုင်းနိုင်ငံတောင်ပိုင်း ကရဘီပြည်နယ် ဘန့် ကလန် ခရိုင် ကျေးရွာအုပ်စု ၁ သူကြီး နိုင်ဝါရယု စန် ရဲ့ နေအိမ်ကို သေနတ်သမား (၇)ဦးက လက်နက်အပြည့်အစုံနဲ့ ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်း အချိန်ကတဲက ၀င်ရောက် စီးနင်းထားခဲ့တာပါ။

သေနတ်သမားတွေဟာ မိသားစုဝင်တွေနဲ့ အိမ်သားတွေ အားလုံးကို လက်ပြန်ကြိုးတွေတုတ် ခေါင်းကို အ၀တ်တွေအုပ်ထားပြီး သူကြီးဖြစ်သူ အိမ်ပြန်လာတဲ့အထိ စောင့်နေခဲ့ကြပါတယ်။


ည ၁၂ နာရီမှာ သူကြီးရောက်လာတာနဲ့  သူကြီးအပါအ၀င် မိန်းမ ၊ ခလေး ၁၂ ဦးစလုံး ပစ်သတ်သွားခဲ့ကြပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာမှာ (၅)ဦးနဲ့ ဆေးရုံမှာ (၃) ဦးသေဆုံးခဲ့ပါတယ်။

ထွက်ပြေးလွတ်မြောက်သွားကြတဲ့ သေနတ်သမားတွေ ဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကို ရဲတပ်ဖွဲ့ ကထုတ်ဖေါ်ပြောဆိုဖို့  စောလွန်နေပြီး သေနတ်သမားတွေနောက်လိုက်လံ ရှာဖွေနေတယ်လို့ သာ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုသွားပါတယ်။

Social Action for Children and Women - SAW
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.