ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား လိုအပ်သလို စိစစ်အရေးယူပေးနိုင်ရန် နိုင်ငံတော်အစိုးရထံသို့  တပ်မတော်မှ တင်ပြထား


၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က ရန်ကုန်မြို့တွင် USAID နှင့် ပူးပေါင်းကျင်းပခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက်
အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင်
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောကြားခဲ့သည့် စကားတစ်ခွန်းနှင့် ပတ်သက်၍ လိုအပ်သလိုစိစစ်
အရေးယူပေးနိုင်ရန် နိုင်ငံတော်အစိုးရထံသို့  တပ်မတော်က
တင်ပြထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
တရားဝင် ဖေ့ဘုတ်မှ ထုတ်ပြန်မှု့ အရ သိရသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်ဘက် စစ်ဘက်
ဆက်ဆံရေးဆိုသည်မှာ ဒီမိုကရေစီခေတ်တွင် မရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ဆိုသည်မှာ Protocol အရ
ညွှန်ကြားရေးမှူးချုပ် Levelပင်ဖြစ်သည်ဟု ပြောကြားခ
ဲ့ကြောင်း အဆိုပါပြောကြားချက်မှာ လူမှုကွန်ရက်နှင့် ပုံနှိပ်
မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်ကို တွေ့ ရှိရပါကြောင်း
အဆိုပါအချက်နှင့် ပတ်သက်၍ လိုအပ်သလို စိစစ်အရေးယူပေးနိုင်ရန် နိုင်ငံတော်အစိုးရထံသို့  တပ်မတော်မှတင်ပြထားသည်ဟု သတင်းရရှိကြောင်း တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ရုံး ဖေ့ဘုတ်မှ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Ref: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး


The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.