တရားရုံးတွင်း ၈ နာရီကြာ ကြားနာစဉ် တောင်ကိုရီးယားသမ္မတဟောင်း သတိလစ်

ဇူလိုင် ၁ - တောင်ကိုရီးယားသမ္မတဟောင်းဟာ သောကြာနေ့က တရားရုံးတော်ရှေ့မှောက်မှာ ခေတ္တခဏသတိလစ် မေ့မြောသွားတယ်လို့ သိရပါတယ်။
၆၅ နှစ်ရှိပြီဖြစ်တဲ့ ပတ်ဂွန်ဟေးဟာ သူ့ကို စွပ်စွဲပြစ်တင်ခံခဲ့ရစေတဲ့ အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံနဲ့ပတ်သက်ပြီး စစ်ဆေးခံဖို့အတွက် ရောက်ရှိလာတဲ့ ဆိုးလ်ဗဟိုခရိုင်တရားရုံးမှာ ခေါင်းမူးဝေနေတဲ့လက္ခဏာရပ်တွေ ခံစားခဲ့ရတယ် လို့ တောင်ကိုရီးယားသတင်းဌာနယွန်ဟပ်ကတင်ပြပါတယ်။


ကြားနာမှုကို မနက် ၁၀ နာရီမှာစတင်ကာ ကြားမှာ အားလပ်ချိန်သုံးကြိမ်ပေးခဲ့ပါတယ်။ ညနေ ၆နာရီခွဲမှာတော့ ပတ် ဟာ ပန်ပင်းနွမ်းလျနေတဲ့ပုံစံဖြစ်လာတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။
သည်သမ္မတဟောင်းဟာ ပထမ သူ့နဖူးပေါ် လက်တင်ခဲ့ပြီးနောက် သူ့ကိုချထားပေးတဲ့နေရာမှာပဲ လဲကျ ဒါမှမဟုတ် အိပ်ပျော်သွားပုံရတယ်လို့ သိရပါတယ်။

ပတ်ဟာ မလှုပ်မရှားဘဲဖြစ်နေတာကြောင့် သူ့ရှေ့နေက သူ့အခြေအနေကို တရားရုံးတော်ကို တင်ပြခဲ့ပြီးနောက် ကြားနာမှုကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
သမ္မတဟောင်းဟာ နေရာမှာပဲ ဆက်လက်မလှုပ်မရှားဘဲငြိမ်သက်နေပြီးနောက် တဖြည်းဖြည်းချင်း တရားရုံးကနေ လမ်းလျှောက်ထွက်သွားပြီး သူ့နားနေခန်းကို ထွက်ခွာသွားတယ်လို့ သတင်းအရသိရပါတယ်။
ပတ်ကိုထောက်ခံသူတွေကလည်း အစိုးရရှေ့နေတွေကို အော်ဟစ်နေကြပြီး သမ္မတဟောင်းသေသွားမယ်ဆိုရင် ရှေ့နေတွေရဲ့တာဝန်ပဲဖြစ်တယ်လို့ ဆိုကြပါတယ်။

ဆိုးလ်တရားရုံးကလည်း သူရဲ့ကျန်းမာရေးအခြေအနေအရ အဲ့သည်နေ့အတွက် ကြားနာမှုကိုရပ်ဆိုင်းထားလိုက် ပါတယ်။
ပတ်ရဲ့ရှေ့နေတစ်ဦးဖြစ်တဲ့ လီဆောင်ချူးကလည်း ပတ်ဟာ တရားကြားနာမှုအချိန်ကြာလွန်းတာကြောင့် မူးဝေခဲ့တယ် လို့ သတင်းထောက်တွေကို အတည်ပြုပေးထားပါတယ်။
ချိုလေးငယ်
ref:UPI. Jun 30,2017
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.