ယခုနှစ် အာဇာနည်နေ့တွင် ဗိုလ်ချုပ်နှင့်အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့သော အစည်းအဝေးခန်းကို လေ့လာခွင့်ပြုမည်


နှစ် (၇၀) မြောက်အာဇာနည်နေ့တွင် ၀န်ကြီးများရုံးရှိ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်း ဆောင်ကြီးများ ၉ ဦးတို့ ကျဆုံးခဲ့သော အစည်းအဝေးခန်းကို အများပြည်သူများအား လေ့လာခွင့်ပြု မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူးဦးသန်းက News Watch သို့ ပြောသည်။

''၀န်ကြီးများရုံးမှာ အာဇာနည် ဗိမာန်နဲ့ တပြိုင်နက်တည်း အလံတင်၊ အလံချ အခမ်းအနားလုပ်မယ်။ ပြီးရင် အလေးပြုမယ်။ အာဇာနည်ဗိမာန်ကတော့ ပန်းခွေချတဲ့အစီအစဉ်တွေ လုပ်မှာပေါ့။ ၀န်ကြီးများရုံးမှာ အလံတင်၊ အလံချလုပ်ပြီးရင် ပြည်သူတွေလေ့လာဖို့ အတွင်းဝန်ရုံးရှိ တိုင်းပြုပြည်ပြုလွှတ်တော်ကျင်းပခဲ့တဲ့ အဆောက်အဦကို မနှစ်ကလည်း လေ့လာခွင့်ပေးခဲ့တယ်။ ဒီနှစ်လည်း လေ့လာခွင့် ပေးမယ်။ နောက်ပြီး ဒီနှစ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်တွေကျဆုံးခဲ့တဲ့ အခန်းကို တက်ကြည့်ခွင့်ပေးမယ်။ မနှစ်ကတော့ ပြင်နေတုန်းဆိုတော့ တက်မ ရလို့ အပေါ်ကို ကြည့်ခွင့်မပေးခဲ့ဘူး။ အဲဒီ ဘက်ကိုသွားတဲ့ ကြမ်းခင်းကြီး ဖြိုချ ထားတော့ သွားလို့လည်း မရဘူး။ ဒီနှစ်က အဲဒီနေရာမှာ ခင်းပြီးသွားပြီ။ တကြိမ်ကို လူ ၅၀ စီ ကန့်သတ်ပြီး တော့ တက်ကြည့်ခွင့်ပေးသွားမယ်'' ဟု ၎င်းက ပြောသည်။

အာဇာနည်နေ့တွင် နံနက် ၁၀ နာရီ ၃၇ မိနစ် အခမ်းအနားအပြီး နံနက် ၁၁ နာရီဝန်းကျင်မှ ညနေ ၄ နာရီအထိ အများပြည်သူများကို စနစ်တကျစည်းကမ်းတကျလေ့လာခွင့်ရရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဦးသန်း ကပြောသည်။ လက်ရှိ အချိန်တွင် အာဇာနည် ၉ ဦးတို့ ကျဆုံးခဲ့သော အစည်းအဝေးခန်းမအား ဘုရားခန်း အဖြစ် ပြုလုပ်ထားကြောင်း သိရသည်။

''အဲဒီမှာက ဟိုတုန်းက အစည်းအဝေးလုပ်ခဲ့တဲ့ စားပွဲတွေရှိတယ်။ ထိုင်ခုံတွေရှိတယ်။ အဲဒါတွေကို ပြန်ပြီးတော့ထားမယ်။ အစည်းအဝေးလုပ်တဲ့ U Shape ပုံစံစားပွဲ ပြန်ချထားမယ်။ အစည်းအဝေးခန်းပုံစံပြန် ထားမှာပေါ့။ ဘုရားခန်းအနေနဲ့တော့ရှိနေမှာပါ''ဟု ဦးသန်းက ပြောသည်။ ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သော ၆၉ နှစ်မြောက် အာဇာနည်နေ့တွင် ၀န်ကြီးများရုံးသို့ လာရောက်လေ့လာ ကြည့်ရှုသူအရေအတွက် ၄ သောင်း ခန့်ရှိကြောင်း သိရသည်။

နှစ် (၇၀) ပြည့် အာဇာနည်နေတွင် အာဇာနည်ဗိမာန်၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်း၏မှု သမိုင်းများ၊ ကိုယ်ရေး အတ္ထုပ္ပတ္တိများကို ဘေဘုတ်ကြီးများဖြင့် ပြသသွားမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင်လည်း နံနက်မှ ညနေအထိ အများပြည်သူများကို လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

လင်းလင်းအောင်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

COMMENTS

Name

art,1,article,1323,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,33,history,2,international,7732,interview,221,knowledge,9,Live,8,LocalNews,16366,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,156,statement,59,technic,58,translate,34,video,1068,voice,76,
ltr
item
dawnmanhon: ယခုနှစ် အာဇာနည်နေ့တွင် ဗိုလ်ချုပ်နှင့်အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့သော အစည်းအဝေးခန်းကို လေ့လာခွင့်ပြုမည်
ယခုနှစ် အာဇာနည်နေ့တွင် ဗိုလ်ချုပ်နှင့်အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့သော အစည်းအဝေးခန်းကို လေ့လာခွင့်ပြုမည်
https://4.bp.blogspot.com/-PrLABpLZRa4/WVcwneZCRyI/AAAAAAAAcwk/8fCn06-_mtIHALn1cXY8Unp-cEi9bjXZgCLcBGAs/s320/q1.jpg
https://4.bp.blogspot.com/-PrLABpLZRa4/WVcwneZCRyI/AAAAAAAAcwk/8fCn06-_mtIHALn1cXY8Unp-cEi9bjXZgCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/07/blog-post_30.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/07/blog-post_30.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy