အမေရိကန် နိုင်ငံ ဦးဆောင်သည့် နိုင်ငံတကာ မဟာမိတ် တပ်ဖွဲ့ ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ဆီးရီးယား ပြည်သူလူထု အများအပြား သေဆုံး



အမေရိကန် နိုင်ငံ မှ ဆီးရီးယား နိုင်ငံ အတွင်း ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့သည့် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)
   ဒမက်စကက်စ် ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

    ဆီးရီးယား နိုင်ငံ သတင်းမီဒီယာ များ၏ ဇူလိုင်လ ၂၄ ရက်နေ့က ဖော်ပြချက်အရ အမေရိကန် နိုင်ငံ ဦးဆောင်သည့် နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့ က ဆီးရီးယား နိုင်ငံ အတွင်း IS အစွန်းရောက် အဖွဲ့အစည်း ကို ပစ်မှတ်ထား ဆောင်ရွက်ခဲ့သည့် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် ဆီးရီးယား နိုင်ငံ အရပ်သား အများအပြား သေဆုံး ခဲ့ကြောင်း ရေးသား ဖော်ပြခဲ့သည်။

ဆီးရီးယား သတင်းမီဒီယာ ၏ ဖော်ပြချက်တွင် နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့ သည် ဇူလိုင်လ ၂၄ ရက်နေ့ က ဆီးရီးယား နိုင်ငံ မြောက်ပိုင်း Raqqa မြို့ အလယ်ရှိ IS အစွန်းရောက် အဖွဲ့ မှ ထိန်းချုပ်ထားသည့် အကျဉ်းထောင် တစ်ခု ကို ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာ အကျဉ်းထောင် အတွင်းရှိ အရပ်သား အနည်းဆုံး ၃၀ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

ဆီးရီးယား နိုင်ငံ ပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့သည် ဇူလိုင်လ ၂၄ ရက်နေ့ တွင် ဆီးရီးယား နိုင်ငံ အရှေ့ပိုင်း Deir ez-Zor ပြည်နယ် အတွင်းရှိ IS အဖွဲ့အစည်း ကို ဗုံးကြဲ တိုက်ခိုက်ခဲ့စဉ် တွင် ဆယ်နှင့်ချီသော အရပ်သား များ သေဆုံး ခဲ့ကြောင်း သိရှိရသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ လ၌ အမေရိကန် နိုင်ငံ မှ ဦးဆောင်၍ နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့ ဖွဲ့စည်း ခဲ့ပြီး ဆီးရီးယား နိုင်ငံ အတွင်း IS တပ်ဖွဲ့ကို ဗုံးကြဲ တိုက်ခိုက်မှု များဆောင်ရွက်ခဲ့သည်။ ဆီးရီးယား နိုင်ငံ အစိုးရ က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ ခွင့်ပြုမှု ကို ရယူခြင်း မရှိဘဲ အမေရိကန် နိုင်ငံ ဦးဆောင်နေသည့် ဗုံးကြဲ တိုက်ခိုက်မှု ကြောင်း ဆီးရီးယား နိုင်ငံ ပြည်သူလူထု အများအပြား သေဆုံးစေခဲ့ကြောင့် ပြစ်တင်ဝေဖန် ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.