အိပ်မက်မက်လို့ ထီထိုးတာဆိုသည့် သိန်း ၁ သောင်းဆုရှင်


စတုတ္ထအကြိမ်မြောက် သိန်းတသောင်းဆုကို ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ ရေဦးရွာနေ ခွန်မိုးသွင်က ဆွတ်ခူးရရှိခဲ့ပါတယ်။

အိပ်မက်မက်ရာမှ ၅ စောင်တွဲထီကို ပင်လောင်းမြို့ သိန်းသိန်းသန်းထီဆိုင်မှ ထိုးယူခဲ့တာ ဖြစ်ပါတယ်။

ထီပေါက်လိုက်တဲ့အတွက် ပရဟိတအလုပ်တွေ၊ ရွာဆေးပေးခန်းတွေ ပြန်လုပ်ပေးမယ်လို့ ပြောပါတယ်။

သိန်း ၁ သောင်းထီပေါက်သူ ခွန်မိုးသွင် က “ထီထိုးတာ အိပ်မက်မက်လို့။ ထီမထိုးခင် အိပ်မက်ထဲမှာ ထီပေါက်သွားတယ်တဲ့။ ဒီဆရာမဆိုင်မှာ ထီပေါက်သွားတာ။ ရန်ကုန်သွားဖို့ ပိုက်ဆံမရှိဘူးဆိုပြီး ဒီဆိုင်က ဆရာမက တသောင်းတန် ၇ ရွက် လမ်းစရိတ်ဆိုပြီးပေးလိုက်တာ။ အဲဒါနဲ့ မနက်ဖြန်ထီထိုးမှဖြစ်မယ်ဆိုပြီး ထီသွားထိုးလိုက်တာ။ ကျနော်တို့ ဒေသမှာ မဖွံ့ဖြိုးသေးတဲ့ လုပ်ငန်းတွေ အများကြီးရှိသေးတယ်။ ပညာမထားနိုင်တဲ့ ကလေးတွေကို ထောက်ပံ့လို့ရအောင်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆေးခန်းတွေကို အထောက်အကူပြုနိုင်အောင် တခုခုတော့ လုပ်ပေးမှာ” လို့ ပြောပါတယ်။

မိုးယံ ရွှေလမင်း ထီဆိုင် တောင်ကြီးပင်ရင်း ကိုယ်စားလှယ် ဦးအောင်ခိုင်ဝင်းထံကနေ သိန်းတသောင်းဆုကို နှစ်ကြိမ်ဆက်တိုက် ဆွတ်ခူးလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တတိယအကြိမ် သိန်း တသောင်းဆုကိုလည်း ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့က ဆွတ်ခူးသွားတာဖြစ်ပါတယ်။

သတင်း – ခွန်ရာဇာ
DVB TV News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.