ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်စခန်း ၃ ခု ပိတ်သိမ်းခဲ့



ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းမြင်ကွင်း။
ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ပေါက်တောနဲ့ ရမ်းဗြဲ မြို့နယ်တွေက ဒုက္ခသည် စခန်း ၃ ခုကို လုံးဝ ပိတ်သိမ်းလိုက်ပြီး ဒီဒုက္ခသည်မှာ နေထိုင်ခဲ့ကြတဲ့ အိမ်ထောင်စု ၅၅ စုကို ရန်ကုန်မြို့ကို ပြောင်းရွှေ့နေထိုင်ခွင့် ပြုလိုက်ကြောင်း မြန်မာ အစိုးရက သတင်းထုတ်ပါတယ်။ သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင်း လူမျိုးရေး ဘာသာရေးဆန်တဲ့ အဓိကရုဏ်းတွေ နောက်ပိုင်း ဖွင့်လှစ်ခဲ့ရတဲ့ ဒုက္ခသည် စခန်း ၃ခုကို ၅ နှစ်အကြာမှာ အခုလို ပြန်လည် နေရာချထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်နဲ့ ဒီ ဒုက္ခသည် စခန်း သုံးခုကို လုံးဝ ပိတ်သိမ်းခဲ့တာ လို့လည်း ပြည်ထောင်စု အစိုးရ အဖွဲ့ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ်ရဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း လုံခြုံရေး အခြေအနေ ထုတ်ပြန်ချက်မှာတော့ ဖော်ပြထားပါတယ်။ တချိန်တည်းမှာဘဲ မွတ်စလင် အများစု နေထိုင်ရာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း အခု သတင်းပတ်တွေ အတွင်း သတ်ဖြတ်ခံရသူတွေ၊ ပျောက်ဆုံး သူ အရေအတွက် စိုးရိမ်ဖွယ် မြင့်တက်လာတယ်လို့လည်း အစိုးရ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

အစိုးရ လုံခြုံရေး စခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကနေ ဇွန်လ ၂၆ ရက်နေ့ အတွင်း မောင်တော ဒေသတွင်း အရပ်သား ၃၈ ဦး အသတ်ခံခဲ့ရပြီး နောက်ထပ် ၂၂ ဦးတို့ကတော့ ပျောက်ဆုံး ဒါမှမဟုတ်လည်း ဖမ်းဆီးခံခဲ့ရတယ်လို့လည်း အမျိုးသားလုံခြုံရေး အကြံပေး ပုဂ္ဂိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တချိန်တည်းမှာဘဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Fillippo Grandi လည်း ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ မနေ့က မြန်မာနိုင်ငံကို ဆိုက်ရောက်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.