လူဦးရေ ၃ ထောင်ကျော် ရေဘေး ကယ်ဆယ်ရေးစခန်း မှာ ပြောင်းရွှေ့နေရ



စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ် ကျော်လွန်နေတာကြောင့် ရေဘေးသင့်ပြည်သူတွေ ကို ပြောင်းရွှေ့ပေးနေတာကို တွေ့ရစဉ်။ ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် ၇ မြို့နယ်က လူဦးရေ ၃ ထောင်ကျော် ဟာ ရေဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ သိရပါတယ်။

မုံရွာ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝနဲ့ မင်းကင်းမြို့နယ်တွေက ဒေသခံတွေဟာ ရေဘေး လွတ်ရာကို ပြောင်းရွှေ့နေရသလို အိမ်ပါဖျက်ပြီး ပြောင်းရွှေ့ခဲ့ရတာတွေလည်းရှိတယ်လို့ စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနမှူး ဦးစဝီလီဖရန့်စ်က ပြောပါတယ်။

"ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းတို့ပေါ့နော်၊ ရွှေ့ပြောင်းရတဲ့ ဘေးသင့် အိမ်ထောင်စုက ၆၁၉ အိမ်ထောင်စုပေါ့နော်၊ ဟုမ္မလင်းမှာ ၂၁ အိမ်၊ ဖောင်းပြင်မှာ ၄ အိမ် သူတို့အိမ်ပါ ဖျက်ပြီးတော့ ရွှေ့ရတဲ့ အနေအထားရှိတာပေါ့နော်၊ မြေနုကျွန်းမှာ သူတို့က သွားနေတဲ့သဘော မျိုးဖြစ်တော့ ရေလမ်းကြောင်းကျပြီးတော့ ဖျက်ရွှေ့လိုက်ရတာ"

ဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းတွေကို ဖွင့်လှစ်ထားရတာကြောင့် ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေမှာ စာသင်ကျောင်း ၃၆ ကျောင်းကို ယာယီပိတ်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.