မြန်မာ-ဗီယက်နမ် စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး အကောင်ထည်ဖေါ်ဖို့ဆွေးနွေး



အာဆီယံညီလာခံမှာ သီးသန့်တွေ့ဆုံကြသည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗီယက်နမ်ဝန်ကြီးချုပ် Mr Nguyen Xuan Phuc
မြန်မာနဲ့ ဗီယက်နမ်နိုင်ငံအကြား ၂၀၁၁ ခုနှစ်က လက်မှတ်ရေးခဲ့တဲ့ စစ်ဘက် ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ အကောင်အထည်ဖော်ဘို့အတွက် မြန်မာဘက်က စစ်ဘက်လုံခြုံရေး ဒုတိယအကြီးအကဲ ဗိုလ်ချုပ် သန်းထွတ်သိန်းနဲ့ ဗီယက်နမ် ဒုတိယ ကာကွယ်ရေးဝန်ကြီး Nguyen Chi Vinh တို့ သဘောထားဖလှယ်ခဲ့ကြကြောင်း ဗီယက်နမ်အစိုးရပိုင်သတင်းမှာ ဇူလိုင်လ ၂၉ ရက်နေ့က ဖော်ပြထားပါတယ်။

ဟနွိုင်းမြို့မှာ ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ဆုံမှုအတွင်း ဒုဝန်ကြီးအဆင့် ကာကွယ်ရေး မူဝါဒ ညှိနှိုင်းဆောင်ရွက်ရေး ယန္တရား တည်ဆောက်ရေးနဲ့ လေ့ကျင့်ရေး၊ စစ်ပစ္စည်းနဲ့ စစ်ဘက် ဆေးဝါးဆိုင်ရာကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြင့်ရေး ကိစ္စတွေကို အလေးပေး ဆွေးနွေးခဲ့ကြပါတယ်။

စာနာမှုအထောက်အကူပေးရေးကိစ္စ၊ စစ်ပြေး စစ်ရှောင်များ နေရာချထားရေး၊ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့၊ နယ်စပ်ဒေသ ထိန်းသိမ်းရေး အတွေ့အကြုံ ဖလှယ်တာနဲ့ ရာဇ၀တ်မှု တားဆီး ထိန်းသိမ်းရေး စတဲ့ကဏ္ဍတွေ နှစ်နိုင်ငံစလုံးမှာ တည်ထောင်ရေး တို့ကို သဘောတူခဲ့ကြပါတယ်။

မြန်မာနဲ့ ဗီယက်နမ်အကြား နိုင်ငံစုံပါဝင်တဲ့ ဆွေးနွေးမှုများကို ထောက်ပံ့ရေး၊ အထူးသဖြင့် အာဆီယံကာကွယ်ရေးဝန်ကြီးများရဲ့ အခြေခံမူဘောင် ဆွေးနွေးမှုတွေနဲ့ အာဆီယံဝန်ကြီးများ အပေါင်း စည်းဝေးပွဲတွေအတွက် နှစ်ဖက် ထပ်မံ ညှိနှိုင်းတိုင်ပင်ဖို့ လိုအပ်ကြောင်းလည်း ဆွေးနွေးခဲ့ကြပါတယ်။

VOA (မြန်မာပိုင်း)
https://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.