ဒဗလျူဘီအိုဝယ်တာဝိတ်ချန်ပီယံပွဲမှာ ဖိလစ်ပိုင် ပက်ကီယောင် ရှုံးနိမ့်


ဇူလိုင် ၂ - ကျောင်းဆရာဟောင်းတစ်ဦးဖြစ်တဲ့ ဂျက်ဖ်ဟွန်းဟာ ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီယိုပက်ကီယောင်ကို အမှတ်ပြတ်နဲ့အနိုင်ယူကာ ဒဗလျူဘီအို မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို အံ့အားသင့်ဖွယ်ရယူနိုင်ခဲ့ပါတယ်။
ဒိုင်သုံးဦးစလုံးက ဘရစ္စဘိန်းမြို့မှာကျင်းပတဲ့ဒီပြိုင်ပွဲမှာ သြစတြေးလျားသား(၂၉နှစ်) ကို ၁၁၇-၁၁၁၊ ၁၁၅-၁၁၃၊ ၁၁၅-၁၁၃ နဲ့ အနိုင်ပေးခဲ့ကြပါတယ်။
“ဒါ ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်ပါ။ ကျွန်တော် လေးစားပါတယ်” လို့ ၃၈နှစ်အရွယ် ပက်ကီယောင်က ပွဲအပြီး ပြောခဲ့ပါတယ်။
ဝိတ်တန်း ၈ခုရဲ့ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်တဲ့ ပက်ကီယောင်ဟာ အခုဆိုရင် သူ့ရဲ့ နောက်ဆုံး ၉ပွဲမှာ ရှုံးပွဲ ၄ပွဲ ကြုံခဲ့ပြီဖြစ်ပါတယ်။
ဟွန်းဟာ အဖွင့်အချီမှာ အမှတ်ရအောင် ထိုးနိုင်ခဲ့ပြီး ပက်ကီယောင်ကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ကာ မျက်ခုံးနှစ်ဖက် စလုံးမှာ ကွဲပြဲဒဏ်ရာ ရစေခဲ့ပါတယ်။
နောက်ဆုံးနှစ်ချီမှာတော့ နှစ်ဦးစလုံး အားကုန်ခဲ့ပုံရကာ အမှတ်မကွာခဲ့ပါဘူး။ ရှေ့ပိုင်းအချီတွေမှာ သိသိသာသာ အသာစီးရခဲ့တဲ့ ထိုးချက်တွေကြောင့် ဟွန်း အနိုင်ရဖို့ လုံလောက်ခဲ့တာဖြစ်ပါတယ်။
ဟွန်းဟာ အခုဆိုရင် ၁၈ ပွဲမှာ၊ ၁၇ပွဲနိုင်၊ ၁ပွဲသရေ ရလဒ် အောင်မြင်ထားပါတယ်။ သူဟာ ဘရစ္စဘိန်းရှိ Pallara State School သိပ်မကြာခင်သေးတဲ့အချိန်အထိ ကျောင်းဆရာအဖြစ် အသက်မွေးခဲ့သူဖြစ်ပါတယ်။
ကိုမိုးထက်
Ref: BBC
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.