တရုတ်နယ်စပ်အရောင်းအဝယ် အကာအကွယ်လုပ်ထားသင့်ပြီ


အစိုးရဘဏ်တစ်ခုတော့ စနစ်တကျဖွင့်သင့်တယ်၊ အဲဒီဘဏ်ထဲမှာ ယွမ်ငွေကို တရားဝင်သိမ်းဆည်းလို့ရအောင်လုပ်ပေးသင့်တယ်လို့ ဆိုပါတယ်။

ရန်ကုန်၊ ဇွန် ၂၈ – တရုတ်နိုင်ငံက့မန် မာနိုင်ငံသားဘဏ်အကောင့်တွေကိ ပိတ်ထားရာကနေ တချို့ဘဏ်အကောင့်တွေကို ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ပေမဲ့ နောက်ထပ်ဆုံး ရှုံးမှုတွေထပ်ဖြစ်မလာဖို့ အကာအကွယ်တွေလုပ်ထား သင့်ပြီလို့ ကုန်သည်တွေက ဆိုပါတယ်။


မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်သူများအသင်း ဒါရိုက်တာ ဦးထွန်းအောင်က အစိုးရရဲ့တရားဝင်ရောင်းဝယ်မှုပုံစံဖြစ် အောင် အစိုးရဘဏ်တစ်ခုတော့ စနစ်တကျဖွင့်သင့်တယ်၊ အဲဒီဘဏ် ထဲမှာယွမ်ငွေကို တရားဝင်သိမ်းဆည်းလို့ရအောင်လုပ်ပေးလိုက်ရင် သင့်တင့်လျောက်ပတ်တဲ့ အခွန်လဲရမယ်၊ မြန်မာတွေလဲ ဟိုဘက် တရုတ်အစိုးရက အခွန်မပေးလို့ စာရွက်စာတမ်းမရှိလို့ အရေးယူတာ လဲပျောက်သွားမယ်လို့ ဆိုပါတယ်။
သူက ထိုင်းတွေဒီဘက်ကမ်းမှာလာပြီးတော့ ဘန်ကောက်ဘဏ်ဆို ပြီးတော့ မြဝတီဘက်ကမ်းမှာ ထိုင်နေတယ်၊ လာတဲ့ပစ္စည်းကို မြန်မာနာမည်နဲ့တောင်ဖွင့်လို့ရပါတယ်၊ အဲဒီလိုလုပ်ပေးလိုက်ရင် ထိုင်းနဲ့ မြန်မာလုပ်သလို အဓိက စီးပွားကူးသန်းနဲ့ ဘဏ် နှစ်ခုပေါင်းပြီးတော့ဘဏ်တစ်ခုထောင်ပေးလိုက်ရင် တရုတ်ပြည် ထဲမှာ သွားပြီးတော့ ပိတ်မိနေပြီးလှည့်ပတ်လို့မရတဲ့ ငွေတွေပြန်လည် ပတ်လာနိုင်ရင် အခွန်လဲရအလုပ်အကိုင်တွေလည်းဖြစ်လာနိုင် တာပေါ့လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံသားဘဏ်အကောင့်တွေကို ၂၀ဝ၈ ခုနှစ်က တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်က တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်က တစ်ကြိမ်ပိတ်တာတွေလုပ်ခဲ့ပါတယ်။ ကုန်သည်တစ်ဦးဖြစ်တဲ့ ကိုသက်ဦးကလက်ရှိ မြန်မာနယ်စပ် ကုန်သွယ်ရေးဟာ အောက်စီးကျနေတာမှန်ပေမဲ့ ခံစားချက်နဲ့ လုပ်လို့မရနိုင်ဘူး၊ အစိုးရက ညှိနှိုင်းမှုတွေမလုပ်ရင် မြန်မာ့စိုက် ပျိုးရေးရဲ့ အဓိကထွက်ပေါက်သာမက ဆက်စပ်လုပ်ငန်းတွေလဲထိ ခိုက်နိုင်တယ်၊ လက်ရှိ မြန်မာနိုင် ငံရဲ့စီးပွားရေးက ရေရှည်တောင့်ခံ နိုင်တဲ့ အနေအထားမဟုတ်သေးပါဘူး၊ သိထားပြီး လုပ်ဆောင်ဖို့ တော့လိုမယ်လို့ ပြောပါတယ်။

နယ်စပ်ဒေသကနေ ဆန် ၆၀ ရာခိုင်နှုန်းကျော်၊ ပြောင်း ၉၀ ရာ ခိုင်နှုန်းကျော်၊ ဖရဲ ၉၀ ရာခိုင်နှုန်းကျော်နဲ့ တခြားထွက်ကုန်တွေဖြစ်တဲ့ သကြား၊ ပဲ၊ နှမ်း ၊ ရေထွက်ပစ္စည်းတွေကို တရုတ်ပြည်ကိုတင်ပို့ ရောင်းချနေတာဖြစ်တယ်လို့ သိရပါတယ်။

စိုက်ပျိုးရေးထွက်ကုန်တွေကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေတာကို ဆွေးနွေးသင့်တယ်၊ ကိုယ့်ဘက်ကလုပ်တာလဲ အပါအဝင်ပေါ့၊ နယ်စပ်ဒေသ မြန်မာပြည်ထဲမှာ Free Trade Zone လုပ်ထား သင့်တယ်၊ အိန္ဒိယ – ထိုင်း – တရုတ်ကြားမှာ ဈေးကွက်ကြီးလာရင် ကိုယ့်အတွက် ပိုကောင်းတာပေါ့လို့ ကုန်သည်မနန်းခင်ကပြောပါတယ်။

တရုတ်နိုင်ငံက အခွန်ရှောင်တဲ့ကိစ္စတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေ၊ လောင်းကစားကိစ္စတွေ စစ်ဆေးဖမ်းဆီးချိန်မှာ အခုလိုဘဏ် အကောင့်တွေကိုပိတ်လေ့ရှိတယ်လို့ ကုန်သည်တွေဆီကသိရတယ်။ နယ်စပ်ဒေသမှာ ကုန်သွယ်မှု လုပ်ဆောင်နေတဲ့ မြန်မာကုန်သည်တွေ ပိတ်ထားခံရတဲ့ ဘဏ်အကောင့် ၁၀ဝ၀ ၀န်းကျင်ရှိတယ်ဆိုပေမဲ့ မူဆယ်နန့်ခမ်း ကုန်သည်အသင်းရဲ့ထုတ်ပြန်ချက်အရတော့ဘဏ် အကောင့်ပေါင်း ၃၉၀ ကျော်ရှိတယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာ ပိတ်ထားတဲ့ ဘဏ်အကောင့်ပေါင်း ၃၀ဝ ကျော်ကိုပြန်ဖွင့်ပေးပြီးဖြစ်ပါတယ်။

Author – မေစုကြည်
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.