ငြိမ်းချမ်းရေးဗိသုကာဆရာကြီး သခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၅၃ နှစ်မြောက် အထိမ်းအမှတ်ပြုလုပ်

ငြိမ်းချမ်းရေးဗိသုကာဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၃ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမ္မာန်တွင် ဇူလိုင်၂၃ ရက်က ကျင်းပခဲ့သည်။

အခမ်းအနားတွင်ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဆွေမျိုးများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ ပါတီအဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်မှ လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များကို ရှေ့ဆက်လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၄ ရက် ကြာသပတေးနေ့တွင်
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာ၌ မွေးဖွားခဲ့သည်။

၁၀ နှစ်သားအရွယ်တွင် သီပေါမင်းပါတော်မှုပုံကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ပြီးနောက် မျိုးချစ်စိတ်များကိန်းအောင်းခဲ့သည်။ အသက် ၁၉ နှစ်အရွယ်တွင် ရန်ကုန်မြို့တွင် စာပုံနိုပ်တိုက်တစ်ခုတွင် စာပြင်ဆရာလုပ်ခဲ့ပြီး ရွှေတောင်ဆရာလွမ်းအမည်ဖြင့် ဇာတ်စာအုပ်များရေးသားခဲ့သည်။

၁၉၁၁ ခုနှစ်တွင် ဆရာကြီးသည် သူရိယသတင်းစာတွင်အယ်ဒီတာဖြစ်လာခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားယဉ်ကျေးမှု အစဉ်အလာများကိုဖေါ်ထုတ်သောဆောင်းပါးများ ကဗျာများ ဖွဲ့ဆိုရေးသားခဲ့သည်။ ထိုစာပေများကိုရေးသားရာတွင် မစ္စတာမောင်မှိုင်းဟုအမည်ပေးရာမှ ဆရာမှိုင်းအမည်တွင်လာခဲ့သည်။
၁၉၁၉ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရန် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် တို့ အင်္ဂလန်သို့သွားရောက်ခဲ့ရာတွင် ဆရာကြီးသည်
ဒေါင်းဋီကာသစ်ကိုရေးသားကာ ထောက်ခံခဲ့သည်။ ထို့နောက် ၁၉၂၀ ပြည့်နှစ်တွင် ပထမဆုံးနယ်ချဲ့စနစ်ကိုဆန့်ကျင်သည့် တက္ကသိုလ်ကျောင်းသားသပိတ် ပေါ်ပေါက်လာပြီးနောက် ဗဟန်းမြို့နယ်တွင်အမျိုးသားနေရှင်နယ် ကောလိပ်ထောင်သောအခါ မြန်မာရာဇဝင်နှင့် မြန်မာစာပါမောက္ခ တာဝန်ယူခဲ့သည်။
ထို့နောက် ၁၉၂၂ မှ ၁၉၆၁ ခုနှစ်အထိ
အမျိုးသားရေးစာပေယဉ်ကျေးမှုများ၊ ဖိနိုပ်ခံပြည်သူများ၏ ဘဝရပ်တည်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေှးနှင့်
ပြည်တွင်းငြိမ်းချမ်းရေးကို တစိုက်မက်မက်လုပ်ဆောင်ခဲ့ပြီး အသက် ၈၉ နှစ်အရွယ် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ကွယ်လွန်ခဲ့သည်။

ကျော်သက်အောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.