ပြည်ထောင်စု သဘောတူမှုတွေဟာ အားလုံးကို လွှမ်းခြုံနိုင်မှု မရှိ ဆိုပြီး ဝေဖန်

JMC ပူးတွဲကော်မတီ ရဲ့ အခန်းကဏ္ဍ အရေးပါမှု အားနည်းနေတယ်လို့ RCSS ဝေဖန်
တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲမှာ ပါတဲ့ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်ဟာ ပြန်လည် သုံးသပ်ပြီး ပြုပြင်စရာ လိုအပ်တယ် ဆိုပြီး အပစ်ရပ် အဖွဲ့ တစ်ခု ဖြစ်တဲ့ ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ RCSS/SSA က ပြောပါတယ်။

ဒါ့အပြင် လူမျိုး၊ ဒေသနဲ့ အကြောင်းအရာ အလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေ လုံလောက်အောင် မကျင်းပပဲ ပြုလုပ်ခဲ့တဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ ကနေ ရရှိခဲ့တဲ့ ပြည်ထောင်စု သဘောတူမှု ဆိုတာတွေကလည်း အားလုံးကို လွှမ်းခြုံ နိုင်ခြင်း မရှိဘူး ဆိုပြီးတော့လည်း RCSS /SSA က ဝေဖန်ပါတယ်။

နိုင်ငံရေး ဆွေးနွေး ကြတဲ့ နေရာမှာလည်း အစုအဖွဲ့တွေ အများကြီး ထားပြီး ဆွေးနွေးကြမှာထက် စာရင် အစိုးရ၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် ဆိုတဲ့ ၃ ပွင့်ဆိုင် ဆွေးနွေးတာမျိုးကို လိုလားတယ်လို့ RCSS/SSA ရဲ့ ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်းက ဘီဘီစီကို ပြောပါတယ်။

အစိုးရစစ်တပ် အနေနဲ့ နယ်မြေ သွားလာ လှုပ် ရှားရာမှာ မူလ သဘောတူ ထားသလို ဆက်ဆံရေး ရုံးတွေက တဆင့် ကြိုတင် အသိပေးတာမျိုး အားနည်းတဲ့ အတွက် ထိတွေ့ ပစ်ခတ်မှုတွေ ပေါ်ပေါက် ခဲ့ရတယ်လို့လည်း ဒု ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုပါတယ်။

အပစ်ရပ် စောင့်ကြည့်ရေး ပူးတွဲ ကော်မတီ JMC ကို ပြည်နယ် အဆင့် ဖွဲ့ထား ပြီး ဖြစ်ပေမယ့် အဲဒီ ပူးတွဲ ကော်မတီ ရဲ့ အခန်းကဏ္ဍ အရေးပါမှု အားနည်း နေတဲ့ အတွက်လည်း တိုက်ပွဲတွေ ဆက်လက် ရှိ နေခဲ့တာ ဖြစ်တယ်လို့ ဒု ဗိုလ်မှူးကြီး စိုင်းငင်းက သုံးသပ် ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.