မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှု စစ်ရေး ပြိုင်ဆိုင်မှု ဖြစ်စေတယ်လို့ ကန်ပြော



အမေရိကန် သံအမတ် နစ်ကီ ဟေလီ
မြောက်ကိုရီးယား ရဲ့ တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုဟာ စစ်ရေးအင်အား ပြိုင်ဆိုင်မှုကို အကြီးအကျယ် ဖြစ်စေတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးမှာ အမေရိကန် သံအမတ် နစ်ကီ ဟေလီက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကြောင့် ဒီနေ့ ကမ္ဘာဟာ အန္တရယ်ကြီးလွန်းတဲ့ နေရာတခု ဖြစ်လာခဲ့ပါပြီလို့ နစ်ကီ ဟေလီက ဆိုပါတယ်။

ဒါ့အပြင် မြောက်ကိုရီးအပေါ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက နိုင်ငံတကာက အရေးယူ ပိတ်ဆို့မှု လုပ်ခဲ့ပေမယ့် ဒါဟာ ပြည့်စုံ လုံလောက်မှု မရှိတဲ့ အတွက် အရေးယူမှုတွေ ထပ်တိုး လုပ်သင့်တယ်လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ တရုတ် သံအမတ်ကြီးကတော့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ လက်ခံနိုင်လောက်စရာ မရှိဘူးလို့ ယူဆပေမယ့် ဒီကိစ္စကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကာ တွေ့ဆုံညှိနှိုင်း အဖြေရှာတဲ့နည်းကို သုံးဖို့ ပန်ကြား ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.