မြောက်ကိုးရီးယားနဲ့ဆွေးနွေးဖို့ တောင်းကိုးရီးယားကမ်းလှမ်း

ဇူလိုင် ၄ ရက်တုန်းက မစ်ဆိုင်းဒုံးစမ်းသပ်ကြောင်း မြောက်ကိုးရီးယားဘက်က ကြေညာခဲ့

မြောက်ကိုးရီးယားဘက်က မစ်ဆိုင်းဒုံး စမ်းသပ်ပြီးနောက် သတင်းပတ်အတော်ကြာ တင်းမာမှုတွေ ဖြစ်နေချိန်မှာပဲ တောင်ကိုးရီးယားဘက်က မြောက်ကိုးရီးယားနဲ့ စစ်ရေးဆိုင်ရာ ဆွေးနွေးမှုလုပ်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။

တကယ်လို့ နှစ်ဘက် တွေ့ဆုံဖြစ်ရင် ဒါက ၂၀၁၅ နောက်ပိုင်း ပထမဆုံးအကြိမ် အဆင့်မြင့်ကိုယ်စားလှယ်တွေ တွေ့ဆုံတာ ဖြစ်လာမှာပါ။

ကိုးရီးယားနှစ်နိုင်ငံကြား နယ်စပ်မှာ ''စစ်ရေးတင်းမာမှုမြင့်မားစေတဲ့ ရန်လိုမှုတွေ အားလုံး'' ရပ်တန့်ဖို့ ရည်ရွယ်တာလို့ တောင်ကိုးရီးယားက အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါတယ်။

ကန် က စစ်ပြင်ပြီ ဆိုတာ နဲ့ နျူနဲ့ တိုက်မယ်လို့ မြောက်ကိုရီးယားပြော

တောင်ကိုးရီးယားသမ္မတ မွန်းဂျေအင်းကလည်း မြောက်ကိုးရီးယားနဲ့ နီးကပ်စွာ ဆွေးနွေးလိုတယ်လို့ အရင်ကတည်းက ပြောထားခဲ့ပါတယ်။

မြောက်ကိုးရီးယားဘက်ကတော့ တောင်ကိုးရီးယားဘက်က ကမ်းလှမ်းမှုကို တုံ့ပြန်တာ မတွေ့ရသေးပါဘူး။
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.