နိုင်ငံတစ်ဝန်းလုံး အာဇာနည်နေ့တွင် အလံ တိုင်ဝက် လွှင့်ထူရန် နှင့် ဥဩဆွဲ အချက်ပေးရေး ညွှန်ကြားထား


    ရန်ကုန် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

    နှစ်(၇၀)ပြည့် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရေး ၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားက ဥဩဆွဲ အချက်ပေးရေး နိုင်ငံတော် သမ္မတရုံးမှ အစိုးရရုံးဌာနအားလုံးသို့  ညွှန်ကြားထားကြောင်း သိရသည်။

ထို့ အတူ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် သွားလာနေသည့် မော်တော်ယာဉ် များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေးတို့အတွက် အောက်ခြေအဖွဲ့အစည်း အဆင့်ဆင့်

သို့ ဆက်လက်ညွှန်ကြားရန်လည်း ထည့်သွင်း ထုတ်ပြန်ထားသည်။

ထို့ ပြင် နှစ်(၇ဝ)ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(နတ်မောက်) နှင့် ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံး)တို့ကို ရဟန်းရှင်လူ ပြည်သူလူထုနှင့် နိုင်ငံခြားသားများ အခမဲ့ကြည့်ရှု လေ့လာနိုင်ရန် ဖွင့်လှစ် ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.