ရွှေ့ပြောင်းသူ နေရာချရေး စနစ်တစ်ရပ် ခိုင်ခိုင်မာမာ ရှိဖို့ လိုအပ်


 ရွှေ့ပြောင်းသူတွေကို အီတလီ နိုင်ငံ အနေနဲ့ ပိုပြီး ကူညီမှုတွေ ပေးဖို့ တောင်းဆို
အာဖရိက တိုက်ကနေ ထွက်လာပြီး မြေထဲ ပင်လယ်ကို ဖြတ်ကူးနေကြတဲ့ ရွှေ့ပြောင်းသူတွေကို အီတလီ နိုင်ငံ အနေနဲ့ ပိုပြီး ကူညီမှုတွေ ပေးဖို့ တောင်းဆို နေကြသူတွေထဲ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ လည်း ပါဝင် လာပါတယ်။

ရွှေ့ပြောင်း ဝင်ရောက်သူတွေကို နေရာ ချထားရေးနဲ့ ပတ်သက်ပြီး ဥရောပ နိုင်ငံတွေ အနေနဲ့ ပိုပြီး စည်းစနစ် ကျနတဲ့ စနစ်တစ်ရပ် သဘောတူ ထားရှိဖို့ အရေးတကြီး လိုအပ် နေပြီ လို့လည်း မစ္စတာ ဂရန်ဒီက ဆိုပါတယ်။

လူတွေ ရွှေ့ပြောင်းရအောင် ဖြစ်စေတဲ့ အရင်းခံ အကြောင်းတရား တွေကို ကိုင်တွယ်ရေးနဲ့ လူမှောင်ခို ပြဿနာတွေ ဖြေရှင်းရေးတွေ မှာလည်း နိုင်ငံတကာက ပိုမို ပူးပေါင်း ဆောင်ရွက်ကြပါ ဆိုပြီး မစ္စတာ ဂရန်ဒီက တိုက်တွန်း နေပါတယ်။

အခုနှစ် အတွင်းမှာကို အီတလီ ကမ်းရိုးတန်းဆီ ရောက်လာတဲ့ ရွှေ့ပြောင်းသူ အရေအတွက် ၈ သောင်းကျော် ရှိသွားပြီ ဖြစ်ပြီး ပင်လယ်ထဲ အသက်ဆုံးရှုံး ခဲ့တဲ့ ပမာဏ အနည်းဆုံး ၂ ထောင် ဝန်းကျင် ရှိနိုင်တယ်လို့ ခန့်မှန်း ရပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.