နမ္မတူမှာ စစ်ဘေးဒုက္ခသည် ၄၀၀ ကျော်ရှိ


( ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ် ) Photo: Kan Thar/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်းက ကျေးရွာတွေမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် နမ္မတူမြို့ ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာသူ ၄၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

အိမ်ထောင်စု ၁၀၀ ကျော်က လူဦးရေ ၄၀၀ ကျော်ရောက်ရှိနေပြီး မိုးရာသီဖြစ်တာကြောင့် နေရေး၊ ထိုင်ရေး အခက်အခဲတွေရှိနေတယ်လို့ ထွက်ပြေးလာသူတွေကို ကူညီပေးနေတဲ့ တအာင်းလူငယ် အဖွဲ့က ကိုမိုင်းလုံအေး က ပြောပါတယ်။

"စစရောက်ချင်း ၄ ရက်နေ့တုန်းကတော့ ၂၀၀ ကျော်ပဲရှိတယ်ခင်ဗျ၊ တဖြည်းဖြည်းနဲ့ တိုးလာတာ ခင်ဗျ၊ အခုလောလောဆယ်က လူဦးရေက ၄၀၀ ကျော်နေတယ်၊ အိမ်ထောင်စုက ၁၁၀ ၊ အခုက မိုးရာသီဆိုတော့ သူတို့မှာ နေရတာ၊ ထိုင်ရတာလည်း သိပ်တော့ အဆင်မပြေဘူးခင်ဗျ"

တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေဟာ နမ္မတူမြို့၊ ရပ်ကွက် ၈ က ပုဗ္ဗာရုံကျောင်းတိုက်မှာ ခိုလှုံနေကြပြီး တချို့က နီးစပ်ရာဆွေမျိုးအိမ်တွေမှာ သွားရောက်နေထိုင်ကြပါတယ်။

ထွက်ပြေးလာသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေပိုများပြီး လက်ရှိမှာ ထွက်ပြေးလာသူတွေ အတွက် လူမှုကူညီရေးအဖွဲ့တွေက အ၀တ်အစား၊ အသုံးအဆောင်တွေ လာရောက်လှူဒါန်းတာ ရှိပေမယ့် စားသောက်ရေးအတွက် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

နမ္မတူမြို့နယ် ပန်လော့၊ ပန်မော်ခမ်း၊ နောင်တောင်လုတ်၊ ကုန်ကြုံ၊ ပန်မအင်နဲ့ ပန်စံ စတဲ့ ကျေးရွာတွေတ၀ိုက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့ကတည်းက RCSSနဲ့ TNLA တို့ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.