နိုင်ငံသားစိစစ်မခံဖို့ နောက်ကွယ်ကနေ ခြိမ်းခြောက်မှုတွေရှိနေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးပြော


Photo: Min Thein Aung/ RFA

( ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်ပသတင်းမီဒီယာသမားတွေ ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ဆုံစဉ် )

အစိုးရရဲ့နိုင်ငံသားစီစစ်ရေးလုပ်ငန်းတွေကို လက်မခံဖို့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ဒေသမှာရှိတဲ့ မွတ်ဆလင်တွေကို နောက်ကွယ်ကနေ ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။

ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကိုသွားရောက်ခဲ့တဲ့ ပြည်ပသတင်းမီဒီယာသမားတွေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ဒီနေ့တွေ့ဆုံစဉ်မှာ သတင်းထောက်တစ်ဦးက မွတ်ဆလင်တွေရဲ့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး မေးမြန်းရာ ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောလိုက်တာဖြစ်ပါတယ်။

မွတ်ဆလင်တွေကို နိုင်ငံသားစီစစ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် အစိုးရက NVC ကဒ်တွေကို ထုတ်ပေးရာမှာ လက်မခံကြတာကြောင့် လူဦးရေ တစ်ထောင်ကျော်လောက်ကိုသာ ထုတ်ပေးနိုင် တယ်လို့ ပြောပါတယ်။

မွတ်ဆလင်တွေ လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ခံထားရတဲ့ကိစ္စကို မေးမြန်းကြရာမှာတော့ နိုင်ငံသားအဖြစ် အစိုးရက အသိအမှတ်ပြုသူတွေကိုသာ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးကို ရရှိမှာဖြစ်တယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကတော့ အစိုးရအနေနဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေ နှစ်ဘက်အသိုင်းအဝိုင်း အပြန်အလှန်ဆက်ဆံရေးနဲ့ အတူလက်တွဲနေထိုင်ရေး ကိစ္စရပ်တွေကို အကောင်အထည်ဆောင်ရွက်ဖို့ ကြိုးပမ်းနေဆဲမှာပဲ အကြမ်းဖက်ပဋိပက္ခတွေကြုံခဲ့ရတဲ့ အခက်အခဲ တွေဖြစ်ခဲ့ရတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အစိုးရအနေနဲ့ မွတ်ဆလင်တွေကို မူလအနေအထားအတိုင်း ပြန်ရောက်အောင် ကြိုးပမ်းသွားမယ် လို့လည်း ဝန်ကြီးချုပ် ဦးညီပုကပြောပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.