အာရှ ယူ-၂၃ ခြေစစ်ပွဲနောက်ဆုံးပွဲအဖြစ် မြန်မာနှင့် သြစတြေးလျအသင်း ယနေ့ကစားမည်

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-စိုးညွန့်

ရန်ကုန် ဇူလိုင် ၂၂

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂ဝ၁၈ အာရှ ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (စ) နောက်ဆုံးနေ့ ပွဲစဉ်များကို ဇူလိုင် ၂၃ ရက် (ယနေ့) တွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ခြေစစ်ပွဲအောင်မြင်ရေး အဆုံးအဖြတ်ပွဲ အဖြစ် သြစတြေးလျအသင်းနှင့် ကစားရမည်ဖြစ်သည်။

မြန်မာအသင်းသည် နှစ်ပွဲကစားအပြီးတွင် ခြောက်မှတ်ရထားသော်လည်း သြစတြေးလျအသင်းထက် ဂိုးကွာခြားချက် နည်းနေသောကြောင့် ယနေ့ပွဲတွင် အနိမ့်ဆုံး သရေကစားနိုင်မှသာ ခြေစစ်ပွဲအောင်ရန် ကျိန်းသေမည်ဖြစ်ပြီး ရှုံးနိမ့် ခဲ့ပါက အကောင်းဆုံး အုပ်စုဒုတိယနေရာအတွက် အခြားအသင်းများ၏ရလဒ်များကို စောင့်ကြည့်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် စင်ကာပူအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ဘရူနိုင်းအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရထားပြီး သြစတြေးလျအသင်း မှာမူ ဘရူနိုင်းအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ စင်ကာပူအသင်းကို ခုနစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရထားသည်။ သြစတြေးလျအသင်း နှင့်ပွဲမှာ မြန်မာအသင်းအတွက် ခြေစစ် ပွဲအောင်မြင်ရေး အဆုံးအဖြတ်ပွဲဖြစ် သောကြောင့် မြန်မာပရိသတ်များ၏ တစ်ခဲနက်အားပေးမှု ရရှိရန်လိုအပ်နေ ပြီး ကွင်းလုံးပြည့်လာရောက်အားပေး ပါက မြန်မာကစားသမားများ စိတ်ဓာတ် အမြင့်ဆုံးရောက်သွားဖွယ် ရှိနေသည်။ နောက်ဆုံးနေ့ အဖြစ် ညနေ ၃ နာရီတွင် စင်ကာပူနှင့် ဘရူနိုင်းအသင်း ညနေ ၆ နာရီတွင် အိမ်ရှင်မြန်မာနှင့် သြစတြေးလျ အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ် သည်။ အာရှ ယူ-၂၃ ခြေစစ်ပွဲကို အုပ်စု (၁ဝ)ခုခွဲ၍ ကျင်းပလျက်ရှိပြီး အုပ်စု (က) တွင် သီရိလင်္ကာအသင်းမှာ ပြိုင်ပွဲ ဝင်ရန် စာရင်းပေးသွင်းပြီးမှ နုတ်ထွက် သွား သောကြောင့် သုံးသင်းသာရှိတော့ ပြီး အကောင်းဆုံးအုပ်စု ဒုတိယနေရာ အတွက် တွက်ချက်ရာတွင် အောက်ဆုံး အသင်းနှင့် တွေ့ဆုံသည့်ရလဒ် ကို ပယ်ဖျက်မည်ဖြစ်ကြောင်း သိရ သည်။

ထို့ကြောင့် မြန်မာအသင်းအနေဖြင့် သြစတြေးလျအသင်းထံမှ အမှတ်ရယူ နိုင်မှသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ် ပြီး ရှုံးနိမ့်ခဲ့လျှင်လည်း ဂိုးမပြတ်ရန် လိုအပ်ကြောင်း သိရသည်။ မြန်မာ အသင်းသည် ပြီးခဲ့သည့် ၂ဝ၁၆ ခြေစစ်ပွဲ တွင်လည်း နောက်ဆုံးပွဲ၌ သြစတြေးလျ ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သောကြောင့် အကောင်းဆုံးအုပ်စု ဒုတိယနေရာ တွက်ချက်ရာတွင် ဂိုးကွာခြားချက်နည်းပြီး ခြေစစ်ပွဲမအောင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းနှင့် သြစတြေးလျအသင်းသည် နှစ်ပွဲစလုံး ဂိုးပြတ်အနိုင်ရထားပြီး ပေးဂိုးလည်း မရှိ သေးသောကြောင့် ပေးဂိုးမရှိ မှတ်တမ်း ကို ယခုပွဲတွင် ဆက်လက်ထိန်းသိမ်းနိုင် မလားဆိုတာ စောင့်ကြည့်ရမည်ဖြစ် သည်။

မြန်မာဘောလုံးပရိသတ်များသည် အာရှ ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်နေသည့် မြန်မာ ယူ-၂၂ အသင်း၏ ရလဒ်နှင့် ခြေစွမ်းအပေါ် စိတ်ဝင်စားမှုမြင့်တက် လျက်ရှိပြီး ကွင်းလုံးပြည့်လာရောက် အားပေးရန် ဖိတ်ခေါ်လိုက်ရပါသည်။

Ref : MOI Webportal Myanmar

COMMENTS

Name

art,1,article,1343,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8287,interview,222,knowledge,9,Live,8,LocalNews,17116,news,2842,opinion,774,photos,203,poem,117,satires,39,song,12,speech,12,sports,189,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: အာရှ ယူ-၂၃ ခြေစစ်ပွဲနောက်ဆုံးပွဲအဖြစ် မြန်မာနှင့် သြစတြေးလျအသင်း ယနေ့ကစားမည်
အာရှ ယူ-၂၃ ခြေစစ်ပွဲနောက်ဆုံးပွဲအဖြစ် မြန်မာနှင့် သြစတြေးလျအသင်း ယနေ့ကစားမည်
https://4.bp.blogspot.com/-dJf6gRrnsmM/WXQlmrdhvYI/AAAAAAAAc9s/mY7HSfumo6g6bbncR7JqBPvxCl1yZbbKQCLcBGAs/s640/q1.jpg
https://4.bp.blogspot.com/-dJf6gRrnsmM/WXQlmrdhvYI/AAAAAAAAc9s/mY7HSfumo6g6bbncR7JqBPvxCl1yZbbKQCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/07/blog-post_423.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/07/blog-post_423.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy