ခင်ပွန်းဖြစ်သူက အပျိုစစ်ကြောင်း အဓမ္မစမ်းသပ်ခိုင်း၍ ၁၈ နှစ်အရွယ် အမျိုးသမီး သတ်သေ


တာဂျီကစ္စတန်နိုင်ငံမှာ မိဘတွေစီစဉ်တဲ့အတိုင်း လက်ထပ်ခဲ့ရတဲ့ အမျိုးသမီးတဦးဟာ ခင်ပွန်းသည်က သူမ အပျိုစစ်စစ်ဖြစ်ကြောင်း စစ်ချက်ရလဒ်ကို မယုံကြည်ဘဲ အတင်းအဓမ္မ ထပ်ပြီးစမ်းသပ်စစ်ဆေးခိုင်းသလို နောက်မိန်းမယူဖို့ ပြောခဲ့တဲ့အတွက် မင်္ဂလာဆောင်ပြီး ရက် ၄၀ အကြာမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။



အပျိုစစ်ကြောင်း အတင်းအဓမ္မ စမ်းသပ်စစ်ဆေးခိုင်းခဲ့တဲ့ အမျိုးသားကို ဇနီးသည် ကိုယ့်ကိုယ်ကိုယ် သတ်သေအောင် တွန်းအားပေးမှုနဲ့ တရားစွဲဆိုထားတယ်လို့ ဇူလိုင် ၁၃ ရက် မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အသက် ၁၈ နှစ်အရွယ် ရာဂျက်ဘီဟာ ၂၄ နှစ်အရွယ် ဇာဖာပိုင်ရို့ဗ်နဲ့ မိဘတွေ စီစဉ်ထားတဲ့အတိုင်း လက်ထပ်ပြီး ရက် ၄၀ အကြာမှာတော့ အဆိပ်ဖြစ်စေတဲ့ ရှာလကာရည်တမျိုး သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာပါ။

ဝမ်းနည်းကြေကွဲနေတဲ့ ရာဂျက်ဘီရဲ့ မိသားစုဝင်တွေက ဇာဖာပိုင်ရို့ဗ်ဟာ လူမဆန်ဘဲ အပျိုစစ်ကြောင်း ဆန်းစစ်မှုတွေ အကြိမ်ကြိမ် လုပ်ခဲ့တာတောင် ငြင်းဆန်ပြီး နောက်မိန်းမယူဖို့ တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

ရာဂျက်ဘီရဲ့ မိသားစုက သူတို့သမီးဟာ ဇာဖာပိုင်ရို့ဗ်ရဲ့ နောက်မိန်းမယူမယ့် တောင်းဆို ဖိအားပေးမှုကို လက်ခံလိုက်ရတဲ့အကြောင်းနဲ့ ဒါကို ထပ်ပြီးမခံနိုင်တော့ဘူးလို့ သေတော့မယ့်ဆဲဆဲမှာ ပြောခဲ့ကြောင်း လွတ်လပ်တဲ့ဥရောပအသံ သတင်းဌာန (Radio Free Europe) ကို ပြောခဲ့ပါတယ်။

ဇာဖာပိုင်ရို့ဗ်ဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၈ နှစ် ကျခံရမှာဖြစ်ပါတယ်။

သူက “ကျနော်တို့ လက်ထပ်တုန်းက ကျနော့်မိန်းမက အပျိုမစစ်လို့ သူမအနေနဲ့ ကျနော့်ကို နောက်မိန်းမယူဖို့ ခွင့်ပြုကြောင်း ကျနော့်မိန်းမက စာရေးပေးထားပါတယ်” လို့ ဆိုပါတယ်။

မိန်းကလေးရဲ့ မိခင်ဖြစ်သူကတော့ သူမရဲ့သမီးဟာ နာမည်ဖျက် အကြမ်းဖက်တာ ခံလိုက်ရကြောင်း၊ သမီးမှာ ဘယ်တုန်းကမှ ရည်းစားမရှိဘဲ ဘယ်သူနဲ့မှ လိင်ဆက်ဆံဖူးခြင်း မရှိကြောင်း၊ ကျောင်းကထွက်ပြီး မသန်စွမ်းဖြစ်နေတဲ့ မောင်လေး ၂ ဦးကို ထိန်းဖို့ ကူညီနေတာသာဖြစ်ကြောင်း ပြောပါတယ်။

တာဂျီကစ္စတန်နိုင်ငံမှာ လက်မထပ်ခင် အပျိုစစ်ဖြစ်ကြောင်း စမ်းသပ်စစ်ဆေးတာက ပုံမှန်ပဲဖြစ်ပြီး လက်မထပ်ဘဲ လိင်ဆက်ဆံမှုကို လူမှုအသိုင်းအဝိုင်းမှာ လက်မခံဘူးလို့ သိရပါတယ်။

၂၀၁၄ ခုနှစ်ကစလို့ တာဂျီကစ္စတန်နိုင်ငံမှာ အပျိုစစ်ဖြစ်ကြောင်း အငြင်းပွားတဲ့ အမှုပေါင်း ၆၀၀ နီးပါးရှိတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
DVB TV News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.