ယူကေမှာ ကလေးထောင်ချီ လိင်မှုဆိုင်ရာ စာတိုတွေပို့နေ


ဗြိတိန်မှာ အသက် ၅ နှစ် အောက် ယောက်ျားကလေးငယ် တယောက် အပါအဝင် ထောင်ချီတဲ့ အရေအတွက်ရှိတဲ့ ကလေးငယ် တွေဟာ မလျော်မကန်တဲ့ လိင်ပိုင်းဆိုင်ရာ စာ၊ ဓာတ်ပုံ ဖုန်းမက်ဆက်ခ်ျပို့မှုနဲ့ ဆက်စပ်ပြီး ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမေးမြန်းတာ ခံနေရတယ်လို့ ဘီဘီစီက သိရှိထားပါတယ်။

အင်္ဂလန်နဲ့ ဝေလပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ၃ နှစ် အတွင်း အသက် ၁၂ နှစ် အောက် ကလေးငယ် အယောက် ၄၀၀ နီးပါးကို ရဲက မေးမြန်းခဲ့ရပါတယ်။

ဘီဘီစီက လက်ခံရရှိထားတဲ့ စာရင်းဇယားတွေအရ ဒီ ဖြစ်စဉ်တွေမှာ ကလေးတချို့ဟာ သူတို့ ဘာသာ သူတို့ မဖွယ်မရာ ဓာတ်ပုံတွေ ရိုက်ယူပြီး သူတပါးဆီ ပေးပို့ကြတာကိုလည်း တွေ့ရှိပါတယ်။

၂၀၁၃ ခုနှစ်ကတည်းက ဒီလို အမှုတွေနဲ့ ဆက်စပ်ပြီး ကလေးငယ် အယောက် ၄,၀၀၀ ကျော်ကို ရဲက စုံစမ်းခဲ့ရပြီး ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ ပါဝင်တဲ့ ကလေးငယ်တွေရဲ့ ပျှမ်းမျှ အသက်ကတော့ အသက် ၁၃ နှစ်၊ ၁၄ နှစ် ပါ။

မနှစ်တုန်းက အင်္ဂလန်ပြည် အရှေ့မြောက်ပိုင်း Durham ခရိုင်က အသက် ၅ နှစ်သား ကလေးတယောက်ဟာ ဒေသခရိုင်ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးခြင်း ခံခဲ့ရပါတယ်။ အင်္ဂလန်နဲ့ ဝေလပြည်နယ်တွေမှာ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး ရဲတပ်ဖွဲ့ စုံစမ်းတာ ခံခဲ့ရတဲ့ ကလေးတွေထဲက ဘီဘီစီရဲ့ သတင်းအချက်အလက် တောင်းခံတာကို တုံ့ပြန်ကြတဲ့ အထဲမှာ အဲဒီ ၅ နှစ်သားလေးဟာ အသက် အငယ်ဆုံး ဖြစ်ပါတယ်။

အင်္ဂလန် မြောက်ပိုင်း Northumbria က အသက် ၁၀ နှစ် အရွယ် ကလေး တယောက်ကိုလည်း လိင်တက်ကြွစေတဲ့ စာတိုတွေပို့မှုနဲ့ ရဲက သတိပေးခဲ့ရပါတယ်။ သူဟာ သူ့ ဘာသာ မဖွယ်မရာ ဓာတ်ပုံ ရိုက်ယူပြီး အသက် ၁၁ နှစ် အရွယ် အခြား ကလေးငယ် တယောက်ဆီ အခမဲ့ ဓာတ်ပုံတွေ၊ ရုပ်သံတွေ ဝေမျှနိုင်တဲ့ အွန်လိုင်း လူမှုကွန်ရက် Oovoo ကနေ ပေးပို့ခဲ့ပါတယ်။

အင်္ဂလန်မှာ ရာဇဝတ်မှု တခုခု ကျူးလွန် မိရင် အရေးယူနိုင်တဲ့ အငယ်ဆုံး အသက် က ၁၀ နှစ်ပါ။

ဗြိတိန်မှာ အသက် ၁၈ နှစ် အောက် ဆိုရင် မိမိဓာတ်ပုံ ဖြစ်စေ သူတပါး ဓာတ်ပုံ ဖြစ်စေ မဖွယ်မရာ ဓာတ်ပုံတွေ ရိုက်ယူတာ၊ မျှဝေတာ၊ လက်ဝယ် ထားရှိတာမျိုးကို တရားဥပဒေအရ အရေးယူနိုင်ပါတယ်။
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.