သီရိလင်္ကာမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု စံချိန်တင်နေ


သီရိလင်္ကာနိုင်ငံမှာ သွေးလွန်တုပ်ကွေး ရောဂါ ပြန့်ပွားမှု စံချိန်တင် မြင့်တက်နေတဲ့အတွက် ရေဆိုးရှိတဲ့ ခြင်ပေါက်ဖွားရာ နေရာတွေကို ရှင်းလင်းမယ့် ကျန်းမာရေး ဝန်ထမ်းတွေကို အစိုးရတပ်ဖွဲ့ဝင်တွေက အကူအညီပေးနေရပါတယ်။

လေထုစိုထိုင်းဆ မြင့်မားတဲ့ မုတ်သုံရာသီမှာ ကိုလံဘိုမြို့တော်အတွင်းက မစီးဆင်းပဲ တန့်နေတဲ့ အမှိုက်သရိုက်တွေရှိတဲ့ ရေဆိုးတွေကြောင့် သွေးလွန်တုပ်ကွေး ရောဂါ ပြန့်ပွားစေတဲ့ ခြင်တွေ ပေါက်ဖွားနှုန်း မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ မြို့တော်အနီးက အမှိုက်ပုံပြိုကျမှုရဲ့ သက်ရောက်မှုတွေကြောင့် အမှိုက်သိမ်းမှု အကြိမ်ရေ နည်းနေတာကလည်း အခြေအနေတွေကို ပိုဆိုးသွားစေခဲ့တာ ဖြစ်ပါတယ်။

ငှက်ဖျား ပြန့်ပွားမှု အဆိုးဆုံးဖြစ်နေတဲ့ ကိုလံဘိုမြို့ထဲနဲ့ အနီးတဝိုက်က နေရာတွေအတွက် တပ်ဖွဲ့ ၂၅ ဖွဲ့ စေလွှတ်ထားတယ်လို့ သီရိလင်္ကာ စစ်တပ်က ပြောပါတယ်။

လက်ရှိ ၂၀၁၇ ခုနှစ်ရဲ့ ပထမ ခြောက်လအတွင်း သီရိလင်္ကာနိုင်ငံရဲ့ သွေးလွန်တုပ်ကွေး ကူးစက်ခံရမှု အရေအတွက်ဟာ ၇ သောင်းကျော် ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၆ တနှစ်လုံးရဲ့ သွေးလွန်တုပ်ကွေး ကူစက်မှု အရေအတွက် ၅ သောင်းခွဲထက် များနေတာ ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ သီရိလင်္ကာနိုင်ငံအတွင်း သွေးလွန်တုပ်ကွေး ကြောင့် သေဆုံးသူ ၂၀ဝ ကျော်ရှိသွားပြီ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က အလားတူ သေဆုံးသူ ၇၀ ကျော်ထက် သုံးဆလောက် များနေတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.