ပြည်ထဲရေးဝန်ကြီးဌာန ယခင် ဒုတိယအမြဲတမ်းအတွင်းဝန် (ယခု ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး) အဂတိလိုက်စားမှုဖြင့် အရေးယူသည့်ကိစ္စနှင့်ပတ်သက်၍ ဦးဇော်ဌေး၏ပြောကြားချက်


 ပြည်ထဲရေးဝန်ကြီးဌာန ယခင် ဒုတိယအမြဲတမ်းအတွင်းဝန် (ယခု ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး) အဂတိလိုက်စားမှုဖြင့် အရေးယူသည့်ကိစ္စနှင့်ပတ်သက်၍ ဦးဇော်ဌေး၏ပြောကြားချက်

၁။ ဒီကိစ္စက ဒုတိယအမြဲတမ်းအတွင်းဝန်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ဧပြီလကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။

၂။ အဓိကဖြစ်စဉ်က ရန်ကုန်မှာရှိတဲ့ မြေကွက်တကွက်နဲ့ပတ်သက်ပြီး သိန်းထောင်နဲ့ချီပြီး အဂတိလိုက်စားမှု ဖြစ်ပါတယ်။ ဒီထဲမှာ Alphard ယာဉ် ပေးတာ၊ Mark II ယာဉ်ပေးတာ စတဲ့ အချက်တွေပါပါတယ်။

၃။ မူလက ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့တဲ့ Case ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက အရာရှိတွေ ပါဝင်ပတ်သက်နေတာ ဖြစ်တဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို လွှဲပြောင်းပေးပြီး ကိုင်တွယ်စေခဲ့တာ ဖြစ်ပါတယ်။

၎။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး အခုအချိန်မှာ အထင်အရှားပေါ်ပေါက်တဲ့

(၁) ဦးပြုံးချို (ယခု ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူး)
(၂) ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးက ဒုတိယရဲမှူးကြီး တစ်ဦး
(၃) ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူး တစ်ဦး
(၄) ပြည်ထဲရေး ဝန်ကြီးဌာနက ဦးစီးအရာရှိတစ်ဦး
(၅) မြေပိုင်ရှင် ကိုယ်စားလှယ်လွှဲအပ်ခြင်း ခံထားရသူ နှစ်ဦး

စုစုပေါင်း (၆)ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူနိုင်ဖို့ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

၅။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အလေးထားဆောင်ရွက်နေတာ ဖြစ်ပေမယ့်လည်း အချို့သော ကိစ္စတွေက စစ်ဆေးတဲ့အခါ ကျော်စောမှုသဘောမျိုးဖြစ်နေပြီး၊ တိကျတဲ့ခိုင်မာတဲ့ သက်သေအထောက်အထားတွေ လိုအပ်ပါတယ်။ သံသယဖြစ်ခြင်းခံရသူတွေအနေနဲ့လည်း ဥပဒေနဲ့ အညီ ပြန်လည် ရှင်းလင်းချေပခွင့်ရှိရမှာ ဖြစ်ပါတယ်။ ဒီအတိုင်းပဲ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် တချို့ကိစ္စတွေမှာလည်း ဝန်ကြီးဌာနတွေရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဝန်ထမ်းဥပဒေနဲ့အရေးတာတွေလည်း အများကြီးရှိနေပြီလို့ ပြောနိုင်ပါတယ်။

ဦးဇော်ဌေး၊ ညွှန်ကြားရေးမှူးချုပ်
နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ်

(မှတ်ချက် - ဦးပြုံးချိုအပါအ၀င် ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိငါးဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဇူလိုင် ၁၆ ရက်က ဖမ်းဆီးထားသည်။)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.