တရားခံဝိုင်းဖမ်းပေးတဲ့ ပြည်သူတွေကို ရှိခိုးကန်တော့ ကျေးဇူးတင်စကားပြောခဲ့တဲ့ ရဲတပ်သား

မန္တလေး၊ ဇူလိုင် ၁၄

ဗဟို အကျဉ်းထောင်ကနေ ခရိုင်တရားရုံး အချုပ်ကို ရုံးထုတ်စဉ် အချုပ်သား ၂ ဦးထွက်ပြေးလို့ ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးရာမှာ အချုပ်သား ၁ဦးကို ပြည်သူတွေက ရဲနဲ့အတူ ၀ိုင်းဝန်းဖမ်းဆီးပေးခဲ့တာကြောင့် ပြည်သူတွေကို ရှိခိုးကန်တော့ပြီး ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့တဲ့ လေးစားဖွယ် ရဲတပ်သားတစ်ဦးရဲ့ ဗီဒီယို ဖိုင်ဟာ ဖေ့ဘုတ်သုံးစွဲသူတွေအကြားပြန့်နှံ့နေပါတယ်။

သူဟာ ရဲ ဒုတပ်ကြပ် စိုင်းမျိုးထက် ဖြစ်ပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်အချိန်က မန္တလေး ဗဟိုအကျဉ်းထောင်ကနေ အချုပ်သား ၄၈ ဦးကို မန္တလေးခရိုင် တရားရုံးအချုပ်သို့ ရုံးထုတ် ပို့ဆောင်ရာမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောပါတယ်။

မန္တလေးခရိုင် တရားရုံးအချုပ် ကိုရောက်ပြီး အချုပ်ကားပေါ်ကနေ တရားခံတွေကို ၅ ဦး တစ်တွဲနှုန်းနဲ့ အချုပ်ခန်းထဲ ပို့ဆောင်နေတုန်း အချုပ်သား မောင်မောင်ငယ်(ခ)ရှောင်ဖိန် ဆိုသူနဲ့ တငဲ(ခ)မျိုးဇော်ဦး ဆိုသူ ၂ ဦးတို့ ထွက်ပြေးခဲ့ကြပါတယ်။

ထွက်ပြေးတဲ့ ၂ ဦးမှာ မောင်မောင်ငယ် (ခ)ရှောင်ဖိန် ကို အခင်းဖြစ်နေရာ မှာပဲ ဖမ်းဆီးရမိခဲ့ပြီး တငဲ(ခ) မျိုးဇော်ဦး ကိုတော့ ချမ်းမြသာစည်မြို့နယ် ထဲမှာ ပြည်သူတွေနဲ့ အတူရဲတပ်ဖွဲ့က၀ိုင်းဝန်းဖမ်းဆီးခဲ့ကြတာလည်းဖြစ်ပါတယ်။

HEZ
Popular News Journal
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.