စစ်တွေမှာ လုံခြုံရေး တိုးမြှင့်နေ


မစ္စလီကို ဆန္ဒ ပြကြမယ့် သူတွေလည်း ရှိနေ
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့ ကုလသမဂ္ဂက စေလွှတ်တဲ့ အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ ရခိုင်ပြည်နယ်မှာ ရောက်ရှိ နေပါတယ်။

ကျောက်ဖြူမြို့ကနေ စစ်တွေကို မစ္စလီ ဒီကနေ့ (ဇူလိုင် ၁၂ ရက်) မနက်ပိုင်းမှာ ရောက်လာဖို့ စီစဉ်ထားပြီး အဲဒီမှာ မစ္စလီကို ဆန္ဒ ပြကြမယ့် သူတွေလည်း ရှိနေပါတယ်။


အမျိုးသားရေး ပြင်းထန်သူ အဖြစ် ရှုမြင် ခံထားရတဲ့ မန္တလေးက ဆရာတော် ဦးဝီရသူလည်း စစ်တွေမှာ ရောက်ရှိ နေပါတယ်။

စစ်တွေမြို့ပေါ်မှာ လုံခြုံရေး အထူး တိုးမြှင့် တင်းကြပ်ထားတယ်လို့ ဒေသခံ ရဲအာဏာပိုင်တွေက ပြောပါတယ်။

ဆန္ဒပြသူတွေ ဘေးအန္တရာယ် တစုံတရာ မကျရောက်စေဖို့ ရဲ အင်အား ရာချီ အသုံးပြုပြီး လုံခြုံရေး ယူပေးမယ်လို့ စစ်တွေ ခရိုင်ရဲမှူးကြီး ဝင်းနောင်က ဘီဘီစီကို ပြောပါတယ်။

မစ္စယန်ဟီလီဟာ စစ်တွေ ကနေ မငြိမ်မသက်မှုတွေ ဖြစ်ပေါ် ခဲ့တဲ့ ဘူးသီးတောင်နဲ့ မောင်တော ဒေသအထိ သွားရောက်ဖို့လည်း စီစဉ် ထားပါတယ်။

ကျောက်ဖြူ ခရီးစဉ် တုန်းကတော့ ရခိုင်နဲ့ မွတ်ဆလင် ဒုက္ခသည် စခန်းတွေကို သွားရောက် ခဲ့သလို၊ တရုတ် ရေနံ ဆိပ်ကမ်း တည်ရှိတဲ့ မဒေးကျွန်းက ရွာသားတွေနဲ့ လည်း တွေ့ဆုံ ခဲ့ပါတယ်။
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.