သြစတြေးလျလက်ဝှေ့သမားကို ရှုံးနိမ့်ခဲ့သည့် လက်ရှိချန်ပီယံ ပက်ကွီအို


သြစတြေးလျလက်ဝှေ့သမား ဂျက်ဖ်ဟွန်းကို ရှုံးနိမ့်ခဲ့ပေမယ့် ဒိုင်းတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားရမယ်လို့ မန်နီ ပက်ကွီအိုက ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၂ ရက်က သြစတြေးလျနိုင်ငံမှာ ထိုးသတ်ခဲ့တဲ့ ဒီပွဲမှာ လက်ရှိချန်ပီယံ ဖိလစ်ပိုင် နိုင်ငံသား ပက်ကွီအိုက အမှတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် သူ့ရဲ့ WBO ၀ယ်သာ ၀ိတ်ချန်ပီယံ ရွှေခါးပတ်ကိုလည်း ဂျင်ဖ်ဟွန်းဆီ ပေးခဲ့ရပါတယ်။

ဒီပွဲမှာ စုစုပေါင်း ၁၂ ချီ ထိုးသတ်ခဲ့ကြပြီး ၁၁၇-၁၁၁၊ ၁၁၅-၁၁၃၊ ၁၁၅-၁၁၃ မှတ်နဲ့ ဒိုင်လူကြီး သုံးဦး စလုံးက ဂျက်ဖ်ဟွန်းကို အနိုင်ပေးလိုက်တာပါ။

ပက်ကီအိုအနေနဲ့ လက်သီးချက်အရေအတွက် ပိုမိုများခဲ့တာကြောင့် မရှုံးသင့်ဘူးလို့ ဝေဖန်သူတွေက ဆိုကြပါတယ်။

ဒီပွဲဟာ ခက်ခဲတဲ့ပွဲစဉ်လို့ ထင်မထားခဲ့ပေမယ့် ခက်ခက်ခဲခဲ ထိုးသတ်ခဲ့ရပြီး ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားမှုရှိတယ်လို့ ပက်ကွီအိုက ပွဲအပြီးမှာပြောပါတယ်။

ချန်ပီယံ ရွှေခါးပတ်ကို စွန့်လွှတ်ခဲ့ရတာနဲ့ပတ်သက်ပြီး ဒါဟာ လက်ဝှေ့လောကရဲ့ ဖြစ်ရိုးဖြစ်စဉ်အနေအထားတခုသာဖြစ်တယ်လို့ သူကဆက်ပြီးပြောပါတယ်။

ဒီပွဲကို ပရိသတ် ၅ သောင်းကျော် လာက်ရောက်ကြည့်ရူခဲ့ပြီး သြစတြေးလျနိုင်ငံရဲ့ လက်ဝှေ့ပွဲတွေမှာ အများဆုံး စံချိန်တင်ခဲ့ပါတယ်။

ပက်ကွီအိုရဲ့ WBO ၀ယ်လ်တာဝိတ်ချန်ပီယံရွှေ ခါးပတ်ကို ရယူနိုင်ခဲ့တဲ့ သြစတြေးလျလက်ဝှေ့သမား ဂျက်ဖ်ဟွန်းဟာ အသက် ၂၉ နှစ်ရှိပြီး စုစုပေါင်း ၁၈ ပွဲမှာ ၁၇ ပွဲနိုင်၊ ၁ ပွဲသရေကျပြီး ရှုံးပွဲမရှိသေးတဲ့စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

===========

DVB TV News

http://burmese.dvb.no/archives/215726
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.