စစ်ကိုင်းတိုင်းအတွင်း မြို့ ၇ မြို့ မြစ်ရေကြီး၊ အိမ်ထောင်စု ၂ ထောင်ကျော် ပြောင်းရွှေ့


စစ်ကိုင်းတိုင်းထဲက မြို့ ၇ မြို့မှာ ချင်းတွင်းမြစ်ရေကြီးလို့ လူတွေ ရွှေ့ပြောင်းနေရတယ်လို့ တိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

မုံရွာ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝနဲ့ မင်းကင်းမြို့နယ်တွေက အိမ်ထောင်စုပေါင်း ၂ ထောင်ကျော် ပြောင်းရွှေ့ခဲ့ရတာပါ။

“ဟုမ္မလင်း၊ ခန္တီး၊ ဖောင်းပြင်နဲ့ မော်လိုက်တို့မှာတော့ ရေဘေးကယ်ဆယ်ရေး စခန်းတွေ ဖွင့်ထားရတယ်။ သူတို့တွေကို ၇ ရက်စာ ဆန်အတွက် ငွေကြေးထောက်ပံ့ပေးထားတယ်။ မုံရွာမှာတော့ မနက်ဖြန် ပေးမယ်” လို့ စစ်ကိုင်းတိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူး ဦးဝီလီဖရန့်က ဒီဗွီဘီကို ပြောပါတယ်။

လွန်ခဲ့တဲ့ တပတ်လောက်ကစပြီး စစ်ကိုင်းတိုင်းထဲမှာ ရေကြီးတာတွေ ဖြစ်နေခဲ့တာပါ။ ဒီနေ့အထိကတော့ မြစ်ရေကြီးတာက လျော့သွားတာ မရှိသေးဘူးလို့ သိရပါတယ်။ “ခန္တီးမှာက မနေ့က ရေကျသွားပြီး ဒီနေ့ ပြန်တက်လာတယ်” လို့ ဦးဝီလီဖရန့်က ပြောပါတယ်။

“အခုပဲ ရွာတွေကို ထောက်ပံ့ရေး ပစ္စည်းသွားပေးနေတာပါ။ ညောင်ဖြူကန်နဲ့ နောက်တရွာက ရေဝင်တဲ့ အိမ် ၁၆၀ လောက်ကိုတော့ ရွှေ့ပေးထားတယ်။ ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲလို့ ဒေသခံတွေက ပြောပါတယ်” စစ်ကိုင်းတိုင်း လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောပါတယ်။

ရေကြီးတာကြောင့် ကျောင်းတချို့ကိုလည်း ပိတ်ထားရပါတယ်။

နောက်ဆုံး စုံစမ်းသိရသလောက်ကတော့ ကနီမြို့မှာလည်း ရေတက်လာနေတယ်လို့ သိရပါတယ်။

သတင်း – ပိုင်စိုး

ဓာတ်ပုံ – အောင်ကိုလတ်

===========

ပိုင်စိုး

DVB TV News

http://burmese.dvb.no/archives/216984
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.