မြန်မာအတွက် သြစတြေးလျ လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၁၆ သန်း ပေးမည်


သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၇ ရက်နေ့စွဲနဲ့ ကြေညာချက်

မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီလိုအပ်နေသူတွေအတွက် သြစတြေးလျဒေါ်လာ ၁၆ သန်း ထပ်မံ ကူညီပံ့ပိုးပေးမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၇ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ပဋိပက္ခနဲ့ သဘာဝ ဘေးအန္တရာယ်ဒဏ်ခံစားနေရသူတွေအတွက် ပညာရေး၊ နေရာထိုင်ခင်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အကူအညီတွေကို ကုလသမဂ္ဂအပါအ၀င် သြစတြေးလျနိုင်ငံက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေကတဆင့် ကူညီထောက်ပံ့သွားမယ်လို့ ကြေညာချက်မှာဆိုထားပါတယ်။

ရခိုင်ပြည်နယ်တွင်းပေးအပ်မယ့် အကူအညီတွေကို မစ္စတာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာထဲက အကြံပေးချက်တွေအတိုင်း ထောက်ပံ့ကူညီသွားမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်းအရေးပေါ်လိုအပ်နေတဲ့အကူအညီအတွက် ကမ္ဘာ စားနပ်ရိက္ခာအစီအစဉ် WFP ကို သြစတြေးလျနိုင်ငံက ဒေါ်လာ ၂ သန်းပေးအပ်ထားပြီးဖြစ်ပါတယ်။ ၂၀၁၆ ဂျူလိုင်လကစလို့ ဒီကနေ့အချိန်ထိ မြန်မာနိုင်ငံအတွက် သြစတေးလျက ပေးအပ်တဲ့ ကူညီထောက်ပံ့ငွေ စုစုပေါင်း ဒေါ်လာ ၁၈ သန်းရှိသွားပြီဖြစ်ပါတယ်။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.