ကိုဆွေဝင်းကို ၆၆ (ဃ)နဲ့ဖမ်းပြီ


ဇူလိုင်၊ ၃၀၊ ရန်ကုန်-
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
“အရင် ကျော်မျိုးရွှေဆွဲတဲ့အမှုနဲ့ပဲ ၆၆ (ဃ) နဲ့ပဲအဖမ်းခံရတာပါ ။ ပြီးခဲ့တဲ့တစ်ပတ်က မန္တလေး ရဲကကို့ဆွေ့ဆီဖုန်းဆက်တယ်။ လာအဖမ်းခံဖို့ လှမ်းပြောတယ်။ လှမ်းပြောတော့ အစ်ကိုတို့ညှိနှိုင်းလိုက်တဲ့အချိန်မှာ ခုလာမယ့်ကြာသပတေးနေ့ကို အဖမ်းခံဖို့စီစဉ်လိုက်တယ်။ ဒီနေ့က ကိုဆွေ ဘန်ကောက်ရုံးကိုလုပ်ငန်းကိစ္စနဲ့သွားတာ။ သွားရင်းနဲ့အခုအဖမ်းခံလိုက်ရတာ။ ကျွန်တော်တို့အခု မင်္ဂလာဒုံရဲစခန်းကို သွားနေပါတယ်။ ဘာဆက်လုပ်မလဲဆိုတာတော့ အတိအကျမပြောနိုင်သေးပါဘူး။ စခန်းရောက်မှပဲသိရမှာပါ။” လို့ Myanmar Now သတင်းဌာနမှ အကြီးတန်းသတင်းထောက် ကိုထက်ခေါင်လင်းက ဖြေကြားပါတယ် ။

ကိုဆွေဝင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ နေ့မှာ မန္တလေးဆရာတော်တစ်ပါးရဲ့မိန့်ကြားမှုကို သတင်းအဖြစ်ရေးသားခဲ့ပြီး အဆိုပါသတင်းကိုပဲ သူ့ရဲ့ကိုယ်ပိုင်ဖေ့ဘွတ်ခ် အကောင့်ဖြစ်တဲ့ Ba Kaung အကောင့်မှာ သတင်းထဲမှစာသားကိုပြန်လည်ကောက်နုတ်ကာ “ဝီရသူ ပါရာဇီက ကျသွားပြီလို့သိရပါတယ်။ ပါရာဇီက ကျတာအခုမှတော့ မဟုတ်လောက်ဖူး။” လို့ ရေးသားခဲ့ပါတယ်။

အဲ့သည်လိုရေးသားခဲ့တဲ့အတွက်လို့ဆိုကာ မန္တလေးအခြေစိုက် မ.ဘ.သ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးကျော်မျိုးရွှေက မတ်လ ၇ ရက်နေ့ညပိုင်းမှာ မန္တလေးမြို့ အမှတ်၇ ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေ ၆၆(ဃ)နဲ့ အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ချမ်းသာ၊ ဝင်းနန္ဒာ
Kumudra

Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.