၂၀၁၇ ဟာ ငြိမ်းချမ်းရေးနှစ် မဖြစ်နိုင်၊ ဗိုလ်ချုပ်ကြီးရွက်ဆစ်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း RCSS/SSA ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်
၂၀၁၇ ခုနှစ်ဟာ သမ္မတ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မျှော်မှန်းထားသလို ငြိမ်းချမ်းရေးနှစ် မဖြစ်နိုင်တော့ဘူးလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း RCSS/SSA ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်ကပြောလိုက်ပါတယ်။

အစိုးရ တပ်မတော်အနေနဲ့ NCA စာချုပ်ကို လိုက်နာမှုအားနည်းတယ်လို့ ဝေဖန်ပါတယ်။

ရှမ်းပါတီတွေ၊ ရှမ်းလက်နက်ကိုင်အဖွဲ့တွေ အပြင် ရှမ်းအရပ်ဖက် အဖွဲ့အစည်းတွေ ပါဝင်တဲ့ CSSU ရှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေး ကျင်းပဖို့ အတားမြစ်ခံခရပြီးနောက် ဇူလိုင်လ ၂၁ ရက်နေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ကြီးရွက်ဆစ်ကပြောလိုက်တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးရွက်ဆစ်ခေါင်းဆောင်တဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ အဖွဲ့ ၈ ဖွဲ့ အနက် တဖွဲ့ဖြစ်ပေမယ့် တိုက်ပွဲတွေ ရံဖန်ရံခါ ပြန်လည်ဖြစ်ပွားနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.