ကလေးမြို့ ကမ္ဘောဇ လေကြောင်းရုံးမှ စာရေးမ လမ်းတွင် လုယက်ခံရ


မုံရွာ၊ဇူလိုင်၇။

ကလေးမြို့ ရှိ ကမ္ဘောဇလေကြောင်းရုံးမှ လေယာဉ်လက်မှတ်ရောင်းစာရေးမတစ်ဦး ရုံးမှအိမ်သို့ပြန်စဉ် လမ်း၌ ဆိုင်ကယ်စီး လူသုံးယောက်၏ လုယက်ခြင်းကို ခံခဲ့ရကြောင်း ကလေးမြို့မရဲစခန်းမှ သတင်းရရှိသည်။

ဇူလိုင် ၄ ရက်နေ့ ညနေ ၅ နာရီခန့်က လေယာဉ် လက်မှတ်ရေး စာရေးမ မဇာဇာခိုင်သည် လေကြောင်းရုံးမှနေအိမ်သို့ဆိုင်ကယ်ဖြင့် ပြန်လာခိုက် ဖောင်ကူးတံတားနှင့်အင်ဒိုင်းကြီးရွာကြားအရောက် ဆိုင်ကယ်သုံးယောက်ပူးစီးလာသော လူငယ်သုံးဦးမှ နောက်မှ လိုက်လာ၍ လွယ်ထားသော လက်ကိုင်အိတ်ကို ဆွဲလု၊တွန်းလှဲ၍ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်၏ ရဲစခန်းသို့တိုင်ချက် အရ သိရသည်။

၎င်းလွယ်အိတ်ထဲတွင် ဘဏ် ATM ကတ်နှစ်ခု၊ငွေစု စာအုပ် နှစ်အုပ်၊ ငွေ ၅သောင်း နှင့် ဆမ်ဆောင်းဖုန်း ၊ ဟွာဝေးဖုန်းတို့ပါသွားကြောင်း သိရသည်။ ဆိုင်ကယ်တွန်းလှဲ ထားခဲ့မှုကြောင်း မဇာဇာခိုင်မှာ နဖူး၊နားထင်၊လက်မောင်းတို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး လက်ကိုင်အိတ်ကို လုပြေးသွားသူများအား ဖော်ထုတ်ဖမ်းဆီးပေးရန် ကလေးမြို့မရဲစခန်းတွင် (ပ)၂၅၉/၁၇ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်းသိရသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.