မြန်မာအား စီးပွားရေး ပြန်လည် ပိတ်ဆို့သင့်က ပိတ်ဆို့ရန် ၀န်မလေးဟု အမေရိကန်ဆို


လက်ရှိ အခြေအနေများက မိမိတို့၏ အမျိုးသား လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်မှုများ ရှိလာနေမည်ဟု ယုံကြည်ပါက စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ရန် နှင့် အခြား နည်းလမ်း များ ကျင့်သုံးသွားမည် ဟု ဒေါ်နယ် ထရန့် အထူး စေလွှတ်လိုက်တဲ့ သံတမန် ဖြစ်သူ ဂျိုးဇက် ယန်း က ပြောကြားလိုက်ပါတယ်။

ဒေါ်နယ် ထရန့်မှ မြောက်ကိုရီယား အား ပြည်ပ ၀င်ငွေ ခြူတပြားမှ မ၀င်အောင် ထိမ်းချုပ်နိုင်ရေး ကြိုးပမ်းနေမှု တစိတ်တပိုင်းအဖြစ် ဂျိုးစက် ယန်းကို စင်္ကာပူု နဲ့ မြန်မာ နှစ်နိုင်ငံ ကို သီးခြား စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

ထိုသို့ စေလွှတ်ခဲ့ရခြင်းရဲ့ နောက်ကွယ်တွင် မြန်မာစစ်တပ်မှ မြောက်ကိုရီယား နဲ့ အပေးအယူ တွေ ရှိနေတယ်လို့ သတင်း အခိုင်အမာ ရထားပုံ ရှိလို့သာ ရောက်ရှိလာခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာ ဘက်ကတော့ ညူကလီယား နည်းပညာ တင်ပို့မှု လိုမျိုး အယင်ကကဲ့သို့ ဆက်ဆံမှုမျိုး မရှိတော့ လို့ ငြင်းဆိုနေပေမယ့် အခြားဆက်ဆံမှုတွေ ရှိနေသေးတယ်ဆိုတာ အမေရိကန်က အခိုင်အမာ ယုံကြည်လောက်တဲ့ သက်သေအထောက်အထား တွေ ရှိနေတဲ့ အတွက် ၎င်းတို့ အနေနဲ့ လုံးဝ ဥသုံ ကင်းရှင်းစေခြင်နေပြီး ပြီးခဲ့တဲ့ မတ်လက တပ်မတော်ရဲ့ ပစ္စည်း ၀ယ်ယူရေး ညွန်ကြားမှု ဦးစီးဌာန (Directorate of Defence Industries) ကို စီးပွားရေး ဒဏ်ခတ်တဲ့ စာရင်းထဲ ပြန်လည် ထည့်သွင်း လိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန် အရာရှိဟောင်း နှစ်ဦး အဆိုအရ အရင်က မြောက်ကိုရီယား လုပ်လက်နက်တွေ ၀ယ်ယူပြီး ၎င်းတို့ရဲ့ စစ်ဖက်အရာရှိများကို ပြည်တွင်းမှာ ခေါ်ယူလုပ်ကိုင်စေတယ်လို့ ဆိုပါတယ်။

အမေရိကန် အစိုးရ ရဲ့ အာရှ မှ တဖြေးဖြေး ဆုတ်ခွာနေတဲ့ နိုင်ငံခြားရေး မူဝါဒကြောင့် နိုင်ငံအတော်များများက မြောက်ကိုရီယား ကိစ္စမှာ တရုတ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု ရရှိရေး အတွက် တောင်တရူတ် ပင်လယ်တွင် ၎င်းတို့ ဗိုလ်ကျလွှမ်းမိုးနေမှုကို မျက်ကွယ်ပြု အပေးအယူ လုပ်သွားမှာကို စိုးရိမ်နေရတဲ့ အထိ မြောက်ကိုရီယား ကိစ္စကို အမေရိကန် က အရေးထားနေပါတယ်။

အမေရိကန် ကို ဂရုစိုက်စရာ မလိုဖူးလို့ ယူဆမှုတွေ နိုင်ငံတွင်းမှာ ရှိကောင်းရှိနိုင်ပါတယ်။

ဒီနေရာမှာ မြောက်ကိုရီယားရဲ့ ခြိမ်းခြောက်မှု ဖြစ်တဲ့ တောင်ကိုရီယားသည် မီးပင်လယ်ကြီးထဲ စုံးစုံးမြုပ်သွားပြီး ဂျပန်သည် ပြာပုံအတိ ဖုံးလွှမ်းသွားစေရမယ်ဆိုတဲ့ စကားကိုတော့ မေ့လို့ မဖြစ်ပါဖူး၊

ထို့အတွက် မြန်မာနိုင်ငံ ကို အဓိက အကူအညီ ပေးနေတဲ့ တောင်ကိုရီယား နဲ့ ဂျပန် ရဲ့ မျက်နှာကိုတော့ အနည်းဆုံး ထောက်ထားသင့်ပါတယ်။

ဒီနိုင်ငံတွေက နောက်ဆုံး အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် မြန်မာနိုင်ငံ အပေါ် ၀က်အူ တင်းကျပ်လာခဲ့သော် ထိခိုက်စရာ ရှိ ထိခိုက်လာမှာက မိမိတို့ နိုင်ငံ ပဲ ဖြစ်တယ်ဆိုတာ သတိချပ်ရမှာ ဖြစ်ပါတယ်။

Hla Soewai
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.