မန်းရွှေစက်တော် အောက်ခြေတော်ရာသို့ ရေခလျက်ရှိ


ငဖဲဇူလိုင် ၂၅

မန်းရွှေစက်တော်ရာသို့ စီးဆင်းလျက်ရှိသောမန်းချောင်းရေသည် ချောင်းအထက်ပိုင်းတွင် မိုးများဆက်လက်ရွာသွန်းနေသည့်အတွက် ယနေ့နံနက်ပိုင်းတွင် မန်းရွှေစက်တော် အောက်စက်တော်ရာရင်ပြင်အထက် ၄ ပေကျော် ၅ ပေနီးပါးတိုးမြင့်စီးဆင်းကာအောက်ခြေတော်ရာသို့ ရေခလျက်ရှိကြောင်းသိရသည်။


မန်းစက်တော်ရာသို့ စီးဝင်တဲ့ချောင်းရဲ့အထက်ဘက်မှာရှိတဲ့ ငဖဲမြို့နယ်ရှိမန်းတမံအခြေအနေမှာယနေ့နံနက် ၆နာရီတိုင်းထွာချက်အရရေအမှတ် ၆၂၈.၇၀ ပေ၊ မိုးရေချိန် ၁.၄၂" ရှိပြီးဆည်ရေပြည့်အမှတ် ၆၂၅.၀၀ ပေ ဖြစ်တဲ့အတွက် ရေပိုလွှဲမှ ၃.၇၀ ပေ ရေကျော်နေကာ၂၄ နာရီအတွင်းရေအမှတ် ၀.၁၀ပေ တိုးနေပါတယ်၊ ယခုအခါ မိုးတိမ်များအုံ့ဆိုင်းပြီးမိုးဆက်လက်ရွာသွန်းနေလို့ မန်းရွှေစက်တော်၊ အိုင်းမရေလွှဲဆည်နှင့် စကုမြို့တို့မှာမန်းချောင်းရေများတိုးမြင့်စီိးဆင်းနေတာပါ၊ မန်းစက်တော်ရာသို့ စီးဝင်တဲ့ ပန်းတိမ်းချောင်းရေ၊မန်းချောင်းရေနှင့်ပဇီချောင်းရေတို့မှာအနည်းငယ်သာလျော့နည်းတာတွေ့ရပါတယ်၊ငဖဲမန်းတမံရေပိုလွှဲမှ နှစ်စဉ်ရေကျော်နေကြအချိန်ဖြစ်ပြီး တမံမှာ၂၄နာရီ ရေကင်းတာဝန်ချထားကာ အထက်အဆင့်ဆင့်သို့ နာရီစဉ် သတင်းပေးပို့ပြီး အနီးကပ်တာဝန်ယူ ကြီးကြပ်လျက်ရှိပါတယ်၊ မန်းတမံနှင့်ဆက်စပ်အဆောက်အဦများ ကြံ့ခိုင်ကောင်းမွန်တဲ့အတွက် စိုရိမ်စရာမရှိပါဘူးဟုမန်းတမံထိန်းသိမ်းရေးတာဝန်ခံ ဦးမောင်မောင်ဝင်းက ပြောသည်။

မိုးတွင်းကာလမိုးများစွာရွာသွန်းတဲ့အခါ နှစ်စဉ်ရေကြီးမှုဖြစ်စဉ် အမြဲကြုံတွေ့ရပြီးဒီနှစ်ဆို နှစ်ကြိမ်မြောက် ရေကြီးခဲ့တာပါ၊ မန်းရွှေစက်ရာဂေါပကအဖွဲ့ကိုလည်းရေကြီးမြင့်မှု အခြေအနေနဲ့ပတ်သက်လို့ အချိန်နဲ့တစ်ပြေးညီ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန် သတင်းဆက်သွယ်ပေးပို့ ဆောင်ရွက်လျက်ရှိပါတယ်ဟု ၄င်းကဆက်လက်ပြောသည်။

သန်းနိုင်ဦး(ငဖဲ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.