နွားကွဲရင် ကျားကိုက်လိမ့်မယ်



အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးဆိုတာ တိုင်းပြည်တပြည်အတွင်းမှာရှိတဲ့ ၀န်ထမ်းဌာနအချင်းချင်း ဆက်ဆံရေး၊ တပ်နဲ့အစိုးရ ဆက်ဆံရေး၊ တပ်နဲ့ပြည်သူဆက်ဆံရေးစသဖြင့် ဘယ်နိုင်ငံမှာမဆို ရှိကြစမြဲပါ။ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းက သူများနဲ့မတူ တမူကွဲနေတော့ အာဏာရှင်စနစ်လက်အောက် လွတ်မြောက်ဖို့ မြန်မာပြည်သူတွေ အတော်ကြိုးပမ်းခဲ့ကြရတာပါ။

ဓမ္မဓိဋ္ဌာန်ကျကျကြည့်မယ်ဆိုရင် မြန်မာစစ်တပ်ရနေတဲ့ အခွင့်ထူးတွေကို နိုင်ငံတကာစစ်တပ်တွေ မရ ကြပါဘူး။ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံတွေမှာ မရကြပါဘူး။ ဥပမာ - မြန်မာနဲ့အနီးစပ်ဆုံး အိန္ဒိယနိုင်ငံကိုပဲ ကြည့်ကြပါစို့။ မြန်မာနဲ့ အိန္ဒိယတို့ အင်္ဂလိပ်လက်အောက်ခံကိုလိုနီဘ၀ကျရောက်ခဲ့တာခြင်း တူကြပါတယ်။ လွတ်လပ်ရေးကြိုးပမ်းကြစဉ်က မြန်မာနဲ့အိန္ဒိယ ကူးလူးဆက်ဆံမှုတွေရှိခဲ့ပါတယ်။ အင်္ဂလိပ်လက်အောက်က နေ မြန်မာနဲ့အိန္ဒိယ ရှေ့ဆင့်နောက် ဆင့်လွတ်မြောက်ခဲ့ကြပါတယ်။

လွတ်လပ်ပြီးနောက် မြန်မာရော အိန္ဒိယပါ ဒီမိုကရေစီစနစ်ကို လက်ခံ ကျင့်သုံးခဲ့ကြပါတယ်။ ဒါပေမဲ့ မြန်မာက ၁၀ နှစ်ကျော်ကျော်ပဲ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ခဲ့ပါတယ်။ အိန္ဒိယကတော့ စလွတ်လပ်ပြီဆိုက တည်းက ဒီနေ့ထိ ဒီမိုကရေစီစနစ်ကိုပဲ ကျင့်သုံးနေပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က ဖဆပလအစိုးရဆီက အာဏာသိမ်းခဲ့တာနဲ့ ပတ်သက်ပြီး အကြောင်းပြချက်တွေကို အမျိုးမျိုးပေးခဲ့ပါတယ်။ နိုင်ငံရေးသမားတွေ မ ညီညွတ်လို (ဖဆပလ နှစ်ခြမ်းကွဲလို့)၊ ပြည်ထောင်စုပြိုကွဲမယ့်အရေးကို ကာကွယ်ဖို့စသဖြင့် အကြောင်းတွေ ပြ သခဲ့ပါတယ်။

အိန္ဒိယတပ်မတော်ကိုလေ့လာရင် အိန္ဒိယရဲ့သံမဏိသက်ရှည်ပါတီကြီးဖြစ်တဲ့ ကွန်ဂရက်ပါတီဟာ ဘယ်လိုပဲကွဲပြဲပါစေ၊ ကွန်ဂရက်ပါတီက သူ့ဘာသာသူ ဖြေရှင်းပါတယ်။ အိန္ဒိယစစ်တပ်က ၀င်မပါပါဘူး။ မကြာ ခဏကွဲပြဲပေမဲ့ အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီဟာ ဒီနေ့ထိ အိန္ဒိယနိုင်ငံရဲ့ သံမဏိသက်ရှည်တဲ့ ပါတီအဖြစ် ရပ်တည်နေပါတယ်။ အိန္ဒိယစစ်တပ်ရဲ့ဥပဒေလိုက်နာပုံကို ၂၀၁၂ တုန်းက ကိုယ်တိုင်ကြုံရတော့ သြော် . . . သူ တို့နိုင်ငံဟာ ငါတို့နိုင်ငံထက် လူမျိုးစုနွယ်တွေပိုများပြီး တိုင်းရင်းသားဘာသာ စကားထောင်ကျော်ရှိနေတဲ့ နိုင်ငံ၊ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားတဲ့နိုင်ငံမှာ ဘာကြောင့် ဒီလောက်ဒီမိုကရေစီစနစ်တည်တံ့ခိုင်မြဲသလဲဆိုတာကို နား လည်ခဲ့ရပါတယ်။

၂၀၁၂ မှာ ကျွန်မ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားပါတယ်။ အပြန်မှာ ကလကတ္တား (ယခုအခေါ် ကိုးလ် ကတ္တား)ကို ၀င်ပါတယ်။ တည်းခိုရတဲ့နေရာမှာ တယောက်ထဲဆိုတော့ အခန်းထဲက တီဗီကိုဖွင့်ကြည့်ပါတယ်။ အိန္ဒိယစကားပြောလိုင်းတွေ များပါတယ်။ ကုလားစကားနားမလည်တော့ ဟိုလိုင်းပြောင်း ဒီလိုင်း ပြောင်းလုပ် ရင်း အိန္ဒိယနဲ့ဘီဘီစီ ဖက်စပ်လွှင့်နေတဲ့လိုင်းကို ဖမ်းမိပါတယ်။ သတင်းတွေကို အင်္ဂလိပ်လိုပြောနေတော့ လုံးစေ့ပတ်စေ့ နားမလည်ပေမဲ့ ဘာအကြောင်းပြောနေတယ်ဆိုတာတော့ နားလည်ပါတယ်။

အိန္ဒိယတပ်မတော်ဦးစီးချုပ်က မနှစ်ကတည်း က အသက် ၆၀ ပြည့်ခဲ့ပေမဲ့ မနှစ်က ပင်စင်မယူဘဲ ဒီနှစ် ၂၀၁၂ မှ ပင်စင်ယူလို့ အသက်တနှစ်လျှော့ပြီး မသမာမှုလုပ်တယ်လို့ စွပ်စွဲခံနေရတဲ့ ပြဿနာပါ။ တီဗီဖန်သား ပြင်ပေါ်မှာ စစ်ယူနီဖောင်းအပြည့်ဝတ်ထားတဲ့ အိန္ဒိယတပ်ချုပ်ကြီးပုံကို ပြလိုက်၊ သူ့ရှေ့နေက တပ်ချုပ်ကြီးဟာ ဒီနှစ်မှ အသက် ၆၀ ပြည့်တာပါလို့ ကာကွယ်ပြောဆိုတဲ့ ပုံတွေပြလိုက်ပေါ့။ စွပ်စွဲသူတွေဘက်ကလည်း မနှစ်ကတည်းက အိန္ဒိယတပ်ချုပ်ကြီးဟာ အသက် ၆၀ ပြည့်တာလို့ ပြန်ပြီး ခုခံပြောဆိုပါတယ်။ နှစ်ဘက် ပြော ဆိုနေတာတွေကို တိုက်ရိုက် (live) ထုတ်လွှင့်ပြသနေတာပါ။ တပ်ချုပ်ကြီး တဦးတည်းကိုသာ ဓာတ်ပုံပဲပြပြီး ကျန်တဲ့သူ့ဘက်ကိုယ့် ဘက်ပြောနေသူတွေကို တိုက်ရိုက်ထုတ်လွှင့် ပြသနေတာပါ။ နှစ်ဘက်စလုံးက သူပြော တာမှန်ကြောင်း၊ ကိုယ်ပြောတာမှန်ကြောင်း အထောက်အထားတွေနဲ့ ပြောကြပါတယ်။ တဘက်နဲ့တဘက် ဒေါသနဲ့ မပြောကြပါဘူး။

အဲဒီနေ့ နေ့လယ် လေယာဉ်နဲ့ ပြန်ခဲ့ရလို့ အိန္ဒိယတပ်ချုပ်ကြီး အသက်တနှစ်လိမ်တယ်၊ မလိမ်ဘူး ဆိုတာ ဘယ်လိုအဆုံးသတ်လဲ မသိရပါဘူး။ ကျွန်မတို့ဆီမှာတော့ ဦးနေ၀င်းရဲ့ မွေးနေ့သက္ကရာဇ်က သုံးမျိုး လောက်ထွက်ပါတယ်။ တချို့က ၁၉၁၀၊ တချို့က ၁၉၁၁ စသဖြင့် ရေးကြပါတယ်။ ရက်နဲ့လလည်း ကွဲလွဲ ဖော်ပြကြပါတယ်။ ၁၉၁၁ ကို ယူရင်တောင် ၁၉၇၂ မဆလပါတီအစိုးရ အုပ်ချုပ်နေချိန်မှာ ဦးနေ၀င်း အသက် ၆၁ နှစ်ရှိပါပြီ။ ဒီတုန်းက ၀န်ထမ်းတွေဟာ အသက် ၅၅ မှာ ပင်စင်ယူရတာဆိုတော့ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ၁၉၆၆ ကတည်းက ပင်စင်ယူရမှာပါ။

တကယ်တော့ တပ်မတော်ဆိုတာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ၀န်ထမ်းအဖွဲ့အစည်းတခုသာ ဖြစ်ပါတယ်။ ကျန်တဲ့ဝန်ထမ်းအဖွဲ့အစည်းတွေနဲ့ တပြေးညီ ဥပဒေကို လိုက်နာရမှာဖြစ်ပေမဲ့ ဗိုလ်ချုပ်ကြီးနေ၀င်း မလိုက်နာခဲ့ ပါဘူး။ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေချိန်မို့ တပ်မတော်ဟာ အသက် ၅၅ မှာ ပင်စင်ယူရမယ်ဆိုတာကို လိုက်နာ စရာမလိုဘူး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲဒီတုန်းက စွန့်စားရဲတဲ့ ရှေ့နေတယောက်ယောက်က ဖြစ်စေ၊ တခြား တယောက်ကဖြစ်စေ အိန္ဒိယတပ်ချုပ်ကြီးကို စွပ်စွဲသလို စွပ်စွဲအပြစ်တင်ရဲ သူပေါ်လာရင် အဲဒီလူရဲ့ဘ၀ ဘယ်လိုဖြစ်သွားမယ် တွေးတောင်တွေးကြည့်ဖို့ ၀န်လေးကြမှာပါ။

မြန်မာ့တပ်မတော်ဟာ ပြောင်းလဲနေတဲ့ ကမ္ဘာ့အခင်းအကျင်းနဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေကြောင့် စစ်အာဏာရှင်စနစ်ကို ရေရှည်ကျင့်သုံးလို့ မရဘူးဆိုတာ သဘောပေါက်ပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို ၁၄ နှစ်ကြာ အချိန်ယူရေးဆွဲပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပပေးခဲ့တာပါ။

မဆလပါတီကရော ပြည်ခိုင်ဖြိုးပါတီကပါ လူထုရဲ့ဒီပါတီတွေအပေါ်ထားတဲ့ သဘောထားကို မှန်မှန် ကန်ကန် မသုံးသပ်နိုင်ခဲ့ကြပါဘူး။ မဆလပါတီဟာ ၁၉၇၀ ကနေ ၁၉၈၈ထိ ၁၈ နှစ်အတွင်း စုစည်းထားတဲ့ ပါတီ ကေဒါတွေ ပါတီဝင်တွေရဲ့အရေအတွက်ကို ယုံကြည်တာကြောင့် ၁၉၉၀ ပြည့်ရွေးကောက်ပွဲကို သန့်သန့်ရှင်း ရှင်းကျင်းပပေးခဲ့တာပါ။ မမျှော်လင့်တဲ့ ရလဒ်ထွက်လာတော့ NLD ကို အာဏာမလွှဲပေးခဲ့ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်နည်းဘယ်ပုံ အတည်ပြုခဲ့တယ်ဆိုတာ အားလုံးအသိဖြစ်လို့ မရေးပြလိုပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကတဆင့်ဖြစ်ပေါ်လာတဲ့ ၂၀၁၀ ရွေးကောက်ပွဲအခင်းအကျင်းရဲ့အသက်က ကြိုတင်မဲပါ။

၂၀၁၅ မှာ ပြည်ခိုင်ဖြိုးပါတီကရော ပါတီကို ထောက်ခံသူတွေကပါ အေးအေးဆေးဆေး ၂၆ ရာခိုင်နှုန်း နိုင်မယ်။ တပ်မတော်သား ၂၅ ရာနှုန်းနဲ့ပေါင်းပြီး ဒုတိယအကြိမ် ပြည်ခိုင်ဖြိုးပါတီ အာဏာဆက်ယူထားနိုင် မယ်လို့ ယုံကြည်ခဲ့ကြတာပါ။ ဒီလို ယုံကြည်ကြောင်း ဘူးလက်လို့ နာမည်ကြီးတဲ့ ဦးလှဆွေ ပါးစပ်က ထုတ်ပြောခဲ့ပါတယ်။ ပြည်သူကလည်း စစ်အာဏာရှင်လက်အောက်က လွတ်ရင်ပြီးရောဆိုတဲ့အသိနဲ့ ရုန်းထွက် ခဲ့ကြပါတယ်။

ခေါင်းအေးအေးထား စဉ်းစားရင် NLD ပါတီဆက်ခံရယူလိုက်ရတဲ့ မြန်မာနိုင်ငံရဲ့ ချွတ်ခြုံကျ အနေအထားကို ၁၉၆၂ ကနေ ချက်ချင်းရောက်လာခဲ့တာ မဟုတ်ပါဘူး။ ၁၉၆၂ မှာ ဖဆပလအစိုးရ တည် ဆောက်ခဲ့တာတွေ ကျန်ခဲ့ပါတယ်။ အဲဒီအချိန်က အခြေခံလူတန်းစားတွေစားတဲ့ ငစိန်ဆန်တပြည် ပြား ၆၀ သာ ပေးရတဲ့အနေအထားကနေ မြန်မာတနိုင်ငံလုံး ဆန်ပြတ်လပ်လို့ ဆန်လုပွဲဖြစ်တာ ၁၉၆၇ ရောက်မှဖြစ် ခဲ့တာပါ။ အခြေခံစီးပွားရေးပျက်ပြားဖို့ ၅ နှစ် အချိန်ယူခဲ့ကြောင်း တွေ့ရပါတယ်။ ကျန်တဲ့ပညာရေး၊ ကျန်းမာရေး စတာတွေလည်း တအိအိပြိုလာတာ NLD အစိုးရတက်လာချိန်ဟာ အပျက်ပြားဆုံးအချိန် ဖြစ်နေပါပြီ။

မြန်မာလူမျိုးတို့ ကိုယ့်ကျင့်တရားအပျက်ပြားဆုံးအချိန်၊ တရုတ်၊ ကိုလိုနီတပိုင်းလို့ ပြောခံနေရတဲ့ အချိန်၊ ကြွေးမြီးဗရပွနဲ့ အခွံသာကျန်တဲ့ နိုင်ငံကို NLD အစိုးရက ဥုံဖွမန်းမှုတ်ပြီး တနှစ်အတွင်း ပကတိ အကောင်းမဖြစ်စေရကောင်းလား အပြစ်တင်ဝေဖန်ကြပါတယ်။ NLD အစိုးရအဖွဲ့ထဲမှာရော လွှတ်တော် အမတ် တွေထဲမှာပါ အားနည်းသူတွေရှိကြတာမှန်ပါတယ်။ ဒါကလည်း ဘယ်အစိုးရမဆို ခြောက်ပြစ်ကင်းသဲလဲစင် မဖြစ်နိုင်ဘူးဆိုတဲ့ နိယာမပါ။ ဒါပေမဲ့ လမ်းတ၀က်မှာပဲ လက်တွဲဖြုတ်သင့်သူတွေကို လက်တွဲမဖြုတ်ရင်တော့ အစိုးရကို အပြစ်တင်ရမှာပါ။

NLD အစိုးရဟာ လက်ရှိစိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ဖြေရှင်းနေရချိန်မှာ NLD ပါတီထဲက စကားဖွာ တဲ့သူ ကြောင့် ဘာမဟုတ်တဲ့ ပြဿနာတွေပေါ်တာမျိုး၊ ၀န်ကြီးချုပ်ဆိုတဲ့ ရာထူးကိုယူထားပြီး စိတ်မထိန်းနိုင်တဲ့အခါ ကိုယ့်အငုံ့စိတ်အခံက ပေါက်ကွဲပြီး အားလုံးသတိနဲ့ ဆက်ဆံရတဲ့ အဖွဲ့အစည်းအပေါ် စကားမှားလို့ ပြဿနာ ဖြစ်တာမျိုးက NLD အစိုးရ၊ NLD ပါတီအတွက် နစ်နာလှပါတယ်။ ဗိုလ်ချုပ်ပြောခဲ့သလို အလုပ်ကိုကျုံးလုပ် ကုန်းလုပ်နေရမယ့်အချိန်မှာ ငါတို့အပေါ်စီးကနေရပြီဆိုပြီး တက်ထောင်လိုက်တော့ တဘက်က မင်းဟာ ငါ့အောက်မှာပဲလို့ ပြန်ပြီး မီးနီပြတာကို လှလှပပခံရပြီ မဟုတ်ပါလား။

၂၀၁၅ မှာ တပြည်လုံးနီးနီးပါးက အုန်းအုန်းကျွက်ကျွက်ထောက်ခံခဲ့တဲ့ပါတီဟာ ဆုံးခန်းတိုင်ပန်းတိုင် မရောက်သေးဘူးဆိုတဲ့ သတိအမြဲကပ်ထားဖို့ လိုတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးမှာ မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် ဦးသိန်းစိန်တက်လာတော့ လူတွေက မကြာခဏ ဦးသိန်းစိန်နောက်မှာ ဦးသန်းရွှေရှိတယ်လို့ စွပ်စွဲကြပါတယ်။ ဒါကို ပြည်ခိုင်ဖြိုးပါတီကရော ဦးသိန်းစိန် အစိုးရကပါ ငြင်းဆိုပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကတော့ ဗြောင်ပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်တုန်းကတည်းက ဘယ်သူပဲ သမ္မတဖြစ်ဖြစ် ကျွန်မ အုပ်ချုပ်မယ်ပြောခဲ့တာပါ။ ပြောတဲ့အတိုင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နေရာကိုယူလိုက်ပါတယ်။ မတရားတဲ့ ဥပဒေကို ဖောက်ထွက်ပြတာကို ၀မ်းသာရမယ့်အစား အမျိုးမျိုးဝေဖန်သူတွေ ပေါ်လာပါတယ်။ အဆိုးဆုံးက ဦးနုလက်ထက်ကတည်းက ဒီမိုကရေစီရေစီးကြောင်းထဲ ပါလာသူ အသက် ၈၀ ကျော် နိုင်ငံ ရေးသမားကြီး တယောက်ကတောင် ဒီအချက်ကို ဝေဖန်တာ အံ့သြမိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနိုင်ငံရေးသမားကြီးရဲ့ဆရာ အရင်းခေါက်ခေါက်ဝန်ကြီးချုပ်ဦးနုကို မြန်မာတပ်မတော်က ဘယ်ပုံပြုမူခဲ့တယ် ဆိုတာ သူတကာထက် နိုင်ငံရေးသမားကြီးက ပိုသိလို့ပါ။

၂၀၁၀ အလွန် ဦးသိန်းစိန်ကို ဦးသန်းရွှေကြိုးကိုင်ထားတယ်လို့ သာမန်ပြည်သူတွေကတောင် ဝေဖန်ခဲ့ တုန်းက ဒီနိုင်ငံရေးသမားကြီးဆီက ဘာဝေဖန်သံမှ မထွက်ခဲ့ပါဘူး။ ၁၉၄၈ ကတည်းက ဒီမိုကရက် တစ်တ ယောက်အဖြစ်ရပ်တည်လာတဲ့ အိုမင်းလှပြီဖြစ်တဲ့ နိုင်ငံရေးသမားကြီးရဲ့ ရပ်တည်မှုက အာဏာရှင်စစ်စစ်ကို ပြန် တမ်းတတာလား၊ ဒီမိုကရေစီစနစ်မျက်နှာဖုံးအောက်မှာ မတရားတဲ့ဥပဒေကို ဖြစ်တဲ့နည်းနဲ့ တော်လှန်ပြီး ရယူထားတဲ့ ရာထူးတခုကို အာဏာရှင်အမည်တပ်မယ်ဆိုလည်းဖြစ်ပေမဲ့ ဒီလို လုပ်ပြနိုင်တဲ့ ဦးနှောက်ပြေးတဲ့ အရပ်သားအစိုးရအဖွဲ့ဝင်တဦးကို ရှုတ်ချအပြစ်တင်ဖို့ ရပ်တည်မှာလား သူ့သမိုင်းသူရေးတာပဲ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက NLD အလံ အောက်က ၀င်ပြိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ အထမမြောက်ခဲ့တဲ့ အဖွဲ့တဖွဲ့ထဲက အဖွဲ့ဝင်တချို့လည်း ပါတီထောင်ဖို့ စိုင်းပြင်းလာကြပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပါတီတွေ ဖောင်းပွနေပေမဲ့ ပြည်သူစိတ်ဝင်စားတာခံရတဲ့ ပါတီက သိပ်နည်းပါးပါတယ်။ ဒါကြောင့် ပါတီထောင်သူတွေကို ကြိုဆိုပါတယ်။ ပြည်သူစိတ်ဝင်စားတဲ့ပါတီ၊ ပြည်သူယုံကြည်တဲ့ပါတီဖြစ်ဖို့ပဲ လိုပါတယ်။ ဒါပေမဲ့ ဒီပါတီကို ထူ ထောင်ဖို့ကြိုးပမ်းသူရဲ့စကားတွေကတော့ လေသံပြောင်းလာပါတယ်။ NLD အစိုးရတက်လာချိန်က ဒေါ်အောင် ဆန်းစုကြည်ရဲ့ကျန်းမာရေးဟာ မြန်မာနိုင်ငံရဲ့ကျန်းမာရေးပါပဲလို့ဆိုခဲ့သူက ပါတီထောင်မယ့်အကြောင်း သ တင်းစာရှင်းပွဲမှာ ဒီမိုကရေစီခေတ်ဆိုတာ ဘယ်သူမှ အမြဲခေါင်းဆောင်ဖြစ်မနေဘူးလို့ ဆိုလိုက်ပါတယ်။ မှန်ပါ တယ်။ ဒါပေမဲ့ လေသံက တောင်ဘက်ကနေ မြောက်ဘက် ရောက်သွားတာကတော့ သတိထားစရာပါ။

ဖဆပလခေတ်တုန်းက အစိုးရဘာလုပ်လုပ် တချို့နိုင်ငံရေးသမားတွေ တချို့ပြည်သူတွေက အမြဲ ဝေ ဖန်တော့ စာရေးဆရာမကြီးခင်နှင်းယုက ရေးခဲ့ဖူးပါတယ်။ သူက အမည်ရင်း ဒေါ်ခင်စုဖြစ်ပြီး ဖဆပလ ၀န်ကြီး ချုပ်ဦးနုရဲ့ ကိုယ်ရေးအရာရှိလည်းဖြစ် နှမ၀မ်းကွဲလည်း ဖြစ်သူပါ။ ဆရာမခင်နှင်းယုက ရေးခဲ့ဖူးပါတယ်။ ဖဆ ပလအစိုးရကိုရနေတာ ဖားအစိုးရကို ရနေတာပါ။ ဖားအစိုးရကို မလိုချင်သူတွေဘဲ အစိုးရတက်လာရင် အကြောင်းသိကြပါလိမ့်မယ်တဲ့။

ဒေါ်ခင်စု(ခင်နှင်းယု) ဆိုလိုတာက ဖားဟာ ဖားချင်း စားရင်တောင် သိပ်ကြီးတဲ့ ဖားကပဲ အလွန်ငယ် တဲ့ဖားတွေကို စားတာပါ။ အကုန်မစားပါဘူး။ ဘဲဆိုတဲ့ သတ္တ၀ါကတော့ အကုန်စားမှာပဲလို့ ဆိုလိုတာပါ။ ဖဆပလပြုတ်ကျတော့ စစ်အာဏာရှင်အောက်မှာ နှစ်ငါးဆယ်ကျော် ပြားပြားဝပ်ခဲ့ရတာ ဘယ်သူမှ မငြင်းနိုင် ပါဘူး။ အခု အရပ်သားအစိုးရစစ်စစ်တက်လာခွင့်ရတာ တနှစ်ခွဲကျော်ပဲရှိပါသေးတယ်။ အမျိုးမျိုးအဖုံဖုံ တိုက် ခိုက်လာသူတွေထဲမှာ ဒီမိုကရက်တစ်ဆိုသူတွေလည်း ပါပါတယ်။ NLD အစိုးရ လုပ်သမျှကောင်းတယ်မဆို လိုပါ။ ဒါပေမဲ့ ဒီမိုကရက်တစ်ဆိုသူတွေ ဒီမိုကရေစီကို လိုလားတယ်ဆိုသူတွေဟာ မြန်မာလူထု ဘုံရန်သူ လက်ထဲက အပြီးတိုင်မလွတ်သေးတာကို ဆုံးခန်းတိုင်လွတ်ဖို့ ကြိုးပမ်းရမယ့်အစား ကိုယ့်အုပ်စု သူ့အုပ်စုကွဲပြဲ လာရင်တော့ အသင့်စားမယ့် ကျားသတ္တ၀ါကို လက်ယပ်ခေါ်တာပါပဲ။ ဖားအစိုးရလက်ထဲက လွတ်လို့ဘဲ အစိုးရ လက်ထဲ နောက်တခေါက်နေချင်သပဆိုသူများ ကြိုက်ရာလမ်းရွေးကြပါလေ။

ခင်နှင်းဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.