ဘူးသီးတောင်မြို့နယ် ဘုရားပြင်သိန်းတန်ရွာ ဆယ်အိမ်မှူး အသတ်ခံရ


ဇူလိုင် ၂၄၊၂၀၁၇

ဘူးသီးတောင်မြို့နယ် နယ်မြေ (၁၁) ဘုရားပြင်သိန်းတန်ရွာ၌ ဇူလိုင်၂၃ ရက် ည ၁ နာရီတွင် ဆယ်အိမ်မှူး အသတ်ခံရမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ်နယ်မြေ (၁၁) ဘုရားပြင်သိန်းတန် ရွာမှ ဆယ်အိမ်မှူး ဟူဆောင်းနာမောက်(၄၅)နှစ် သည် အိပ်နေစဉ် အမည်မသိ(စုံစမ်းဆဲ)အစွန်းရောက်၁ဦး အိပ်ခန်းထဲ သို့ ဝင်ရောက်လာပြီး ဓားရှည်ဖြင့် လှီး/ ထိုးခဲ့ရာ ပြတ်ရှ၊ ထိုးသွင်းဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဆယ်အိမ်မှူး၏ဇနီးဖြစ်သူ မဖာတေမာခါတူသည် ဇူလိုင် ၂၄ရက် နံနက်၃နာရီတွင် နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့၍ အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

သေဆုံးသူ ဆယ်အိမ်မှူး ဟူဆောင်းနာမောက်၏ အလောင်းအား ဘူးသီးတောင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.