အမေရိကန်နိုင်ငံ အာကန်ဆက်စ်မြို့ နိုက်ကလပ်တွင် ပစ်ခတ်မှုဖြစ်ပွားရာ လူ၂၈ဦးဒဏ်ရာရရှိ



ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် Power Ultra Lounge နိုက်ကလပ်အနီး၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး စောင့်ကြပ်နေစဉ် (ဓါတ်ပုံ-အင်တာနက်)
    ဟူစတန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ အာကန်ဆက်စ်ပြည်နယ် Little Rock မြို့ရှိ နိုက်ကလပ်တစ်ခုတွင် ဇူလိုင်၁ ရက် နံနက်အစောပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒေသခံရဲတပ်ဖွဲ့က ဒဏ်ရာရရှိသူ များ၏ အခြေအနေ တည်ငြိမ်ကောင်းမွန်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ပစ်ခတ်မှုသည် Little Rockမြို့ ရှိ Power Ultra Lounge နိုက်ကလပ်တွင်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများသည် အသက် ၁၆နှစ် မှ ၂၀ကျော် အတွင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ယင်းဖြစ်စဉ်သည် အကြမ်းဖက်မှုနှင့် ဆက်နွယ်နေခြင်းမရှိဟု ယုံကြည်ရကြောင်း၊ စကားများ အငြင်းပွားရာမှ စတင်ဖြစ်ပွားခဲ့သည့်ဟု ယူဆရပြီး သေနတ်ပစ်ခတ်မှုအား စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။ရဲတပ်ဖွဲ့က နောက်ထပ် အသေးစိတ်အချက်အလက်များကို သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ပြန်သွားမည်ဟု မျှော်လင့်ရသည်။

(ဆင်ဟွာ)
http://xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.