မြောက်ကိုရီးယားအပေါ် သည်းခံနိုင်တဲ့အတိုင်းအတာကုန်ပြီဟု ဒေါ်နယ်ထရမ့်ကြေညာ


ဇူလိုင်-၁ သမ္မတဒေါ်နယ်ထရမ့်က တောင်ကိုရီးယားသမ္မတမွန်းဂျေအင်းကို အိမ်ဖြူတော်မှာစကားပြောကြားဖို့ ကြိုဆို ခဲ့ချိန်မှာပဲ မြောက်ကိုရီးယားရဲ့နျူလက်နက်စမ်းသပ်မှုတွေကြောင့် မြောက်ကိုရီးယားအပေါ် အမေရိကန်ပြည်ထောင်စု ရဲ့ သည်းခံနိုင်တဲ့အတိုင်းအတာကုန်ဆုံးသွားပြီလို့ ကြေညာခဲ့ပါတယ်။

မွန်းက မြောက်ကိုရီးယားရဲ့နျူကလီးယားနဲ့ တိုက်ချင်းပစ်ဒုံးကျည်အစီအစဉ်တွေကိုရပ်တန့်ဖို့ အကောင်းဆုံးနည်းလမ်း အဖြစ် ပြုံးယမ်းအစိုးရနဲ့ပိုမိုပူးပေါင်းလုပ်ဆောင်သွားတာကအကောင်းဆုံးလို့ ဆိုနေစဉ်မှာပဲ ထရမ့်ကတော့ လူ့အသက် ကိုလေးစားလိုက်နာမှုမရှိတဲ့ သည်မြောက်ကိုရီးယားအစိုးရနဲ့ သံတမန်နည်းအရဆက်ပြီးလုပ်ဆောင်သွားဖို့ သူဆန္ဒမရှိ တော့ဘူးလို့ ရှင်းရှင်းလင်းလင်းအသိပေးခဲ့ပါတယ်။ သည်နှစ်နှောင်းပိုင်းမှာ တောင်ကိုရီးယားကိုအလည်အပတ်လာရောက်ဖို့ဖိတ်ခေါ်ချက်ကို ထရမ့်က လက်ခံခဲ့တယ်လို့ မွန်းကကြေညာခဲ့ပေမယ့် တစ်ဘက်မှာတော့ သည်ခေါင်းဆောင်တွေဟာ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းရဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်လိုမျိုးအကောင်းဆုံးကိုင်တွယ်သွားမလဲဆိုတဲ့ ပူးတွဲမဟာဗျူဟာအမျိုးအစားတစ်ရပ်ဖော် ဆောင်ဖို့ကိုတော့ မပြုလုပ်နိုင်သေးပါဘူး။

‘ ကျွန်တော်တို့ဟာ မြောက်ကိုရီးယားမှာ ဘာကိုမှာဂရုမစိုက်ရက်စက်တဲ့အစိုးရတစ်ရပ်ရဲ့ခြိမ်းခြောက်မှုတွေကိုအတူတူ ကြုံတွေ့ခံစားနေရပါတယ်။ ဒီအစိုးရရဲ့နျူကလီးယားနဲ့တိုက်ချင်းပစ်ဒုံးကျည်အစီအစဉ်တွေအတွက် တိကျပြတ်သားတဲ့ တုံ့ပြန်မှုတစ်ခုတော့ လိုအပ်နေပါပြီ’ လို့ ထရမ့်ကပြောပါတယ်။ သူကပဲဆက်ပြီးတော့ မြောက်ကိုရီးယားအာဏာရှင်စနစ်မှာ မြောက်ကိုရီးယားနိုင်ငံသားတွေအတွက်ရော အိမ်နီးချင်း နိုင်ငံတွေအတွက်ပါ ဘေးကင်းလုံခြုံမှုဆိုတာမရှိသလို လူ့အသက်ကိုလည်း တန်ဖိုးထားတာမျိုးမရှိဘူးလို့ ပြောပါတယ်။ ထရမ့်အစိုးရဟာ လတ်တလောကာလတွေမှာ ဒုံးကျည်စမ်းသပ်မှုတွေအများအပြားလုပ်ဆောင်ခဲ့တဲ့ မြောက်ကိုရီးယား ကင်ဂျုံအန်းအစိုးရအပေါ် အမျက်ဒေါသခြောင်းခြောင်းထွက်နေပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားမှာ ၁၈ လအကြာဖမ်းဆီးခံရပြီးနောက် မွေးရပ်မြေပြန်ရောက်ပြီးနောက်သေဆုံးသွားတဲ့ အမေရိကန်ကျောင်းသားအော့တိုဝမ်ဘီယာကိစ္စဖြစ်ပြီးနောက်ပိုင်းမှာလည်း ဒေါသတွေပိုပြီးပြင်းထန်လာပါတယ်။ ထရမ့်ဟာ ပြုံးယမ်းအစိုးရကို ရပ်တန်းကရပ်တန့်သွားအောင် ဖိအားပေးနိုင်မယ့် မြောက်ကိုရီးယားရဲ့အဓိကမဟာမိတ် တစ်ဦးဖြစ်တဲ့ တရုတ်အပေါ်ကို သူ့ရဲ့မျှော်လင့်ချက်တွေစုပုံထားပေမယ့် နောက်ပိုင်းမှာ သည်ကြိုးပမ်းချက်လည်း မအောင်မြင်ဘူးဆိုပြီး ကြေညာခဲ့ပါတယ်။

‘ မြောက်ကိုရီးယားအစိုးရနဲ့ပတ်သက်တဲ့ မဟာဗျူဟာအရကိုင်တွယ်မယ့်သည်းခံမှုတွေကလည်း မအောင်မြင်ခဲ့ပါဘူး။ နှစ်ပေါင်းအတော်ကြာကြာကို မအောင်မြင်ခဲ့တာပါ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဒီသည်းခံနိုင်စွမ်းဟာ ပြီးဆုံး သွားပါပြီ’ လို့ ထရမ့်က နှင်းဆီဥယျာဉ်တွင်း အကျဉ်းရုံးသတင်းစာရှင်းလင်းပွဲတစ်ရပ်မှာပြောပါတယ်။ သူ့ရဲ့ဧည့်သည်တော် တောင်ကိုရီးယားသမ္မတရဲ့ချဉ်းကပ်ပုံနည်းလမ်းကို မဝေဖန်မိဖို့ကြိုးစားရင်းထရမ့်က သူအနေနဲ့ မြောက်ကိုရီးယားအစိုးရနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ စိတ်ဆန္ဒကုန်ဆုံးနေပြီဖြစ်ပြီး အဲ့သည့်အစား အရေးယူပိတ်ဆို့မှု တွေကိုမြင်ရတာကသာ အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်းအသိပေးခဲ့ပါတယ်။ သူက မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ဒုက္ခခံစားနေရတဲ့သူ့ပြည်သူတွေအတွက် ကွဲပြားခြားနားတဲ့အနာဂတ်တစ်ရပ်ဖော် ဆောင်ပေးဖို့အတွက် အကောင်းဆုံးလမ်းကြောင်းတစ်ခုကိုအမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ တောင်းဆိုပြီး အရေးယူပိတ်ဆို့မှုချမှတ်အကောင်အထည်ဖော်နိုင်ဖို့ ဒေသတွင်းအင်အားကြီးနိုင်ငံတွေနဲ့ တာဝန်ရှိတဲ့နိုင်ငံတွေအားလုံး အမေရိကန်ပြည်ထောင်စုနဲ့အတူပူးပေါင်းပါဝင်ဖို့ တိုက်တွန်းပါတယ်လို့ ဆိုပါတယ်။

မွန်းကလည်း မြောက်ကိုရီးယားခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီးတော့ သူ့အစိုးရနဲ့ ထရမ့်အစိုးရကြားမှာ အငြင်းပွား စရာမရှိသလို သမ္မတထရမ့်နဲ့ သူဟာ သည်ပြဿနာကိုဖြေရှင်းဖို့ ပထမဦးစားပေးနေရာမှာထားပြီး သက်ဆိုင်ရာမူဝါဒ တွေမှာ အနီးကပ်ပူးပေါင်းလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ပြောပါတယ်။



ချိုလေးငယ်

[ref:AFP. Jul 1,2017]
Kumudra

COMMENTS

BLOGGER: 1
Loading...
Name

art,1,article,1323,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,33,history,2,international,7737,interview,221,knowledge,9,Live,8,LocalNews,16382,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,156,statement,59,technic,58,translate,34,video,1068,voice,76,
ltr
item
dawnmanhon: မြောက်ကိုရီးယားအပေါ် သည်းခံနိုင်တဲ့အတိုင်းအတာကုန်ပြီဟု ဒေါ်နယ်ထရမ့်ကြေညာ
မြောက်ကိုရီးယားအပေါ် သည်းခံနိုင်တဲ့အတိုင်းအတာကုန်ပြီဟု ဒေါ်နယ်ထရမ့်ကြေညာ
https://2.bp.blogspot.com/-wk6bgDhGdcU/WVc1enAI8VI/AAAAAAAAcw0/ibNzlWrMHbMkcJLXv1EbF1SrzXEF9vusQCLcBGAs/s640/q1.jpg
https://2.bp.blogspot.com/-wk6bgDhGdcU/WVc1enAI8VI/AAAAAAAAcw0/ibNzlWrMHbMkcJLXv1EbF1SrzXEF9vusQCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/07/blog-post_76.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/07/blog-post_76.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy