ပုဒ်မ ၆၆ (ဃ) ကို ဖျက်သိမ်းရေး အဆို အမျိုးသား လွှတ်တော်ဆွေးနွေး

 အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: MOI
အသရေဖျက်မှုနဲ့တရားစွဲဆိုရာမှာ အသုံးပြုနေတဲ့ ပုဒ်မ ၆၆ (ဃ) ကို ဖျက်သိမ်းဖို့ အမျိုးသား လွှတ်တော်မှာ ကိုယ်စားလှယ်တွေဒီနေ့ဆွေးနွေးခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ဆွေးနွေးတဲ့ကိုယ်စားလှယ်ပေါင်း ၁၄ ဦးရှိပြီး၊ အဲဒီအနက် တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးကတော့ ၆၆ (ဃ) ကို ဒီအတိုင်း ဆက်လက်ပြီး ထားရှိသင့်တဲ့အကြောင်း ဆွေးနွေးတယ်လို့ သိရပါတယ်။ အဲဒီ ဆွေးနွေးသူတွေထဲမှာ ရခိုင်အမျိုးသားပါတီကိုယ်စားလှယ်က ဒီပုဒ်မကို ဖျက်သိမ်းသင့်တယ်လို့ဆွေးနွေးသွား ပါတယ်။

မကွေးတိုင်း မဲဆန္ဒနယ်အမှတ် (၅) ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း ကတော့ ပုဒ် ၆၆ (ဃ) အပြင် ပုဒ်မခွဲ (ဂ) ပါဖျက်သိမ်းဖို့ဆွေးနွေးခဲ့ တယ်လို့ RFA ကိုပြောပါတယ်။

ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းဖို့၊ ဒီနေ့ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေအပါအဝင်၊ ဥပဒေကြမ်းကော်မတီ ဝင်တွေ၊ ဆက်သွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတွေ၊ တရားရေးဌာနက ပုဂ္ဂိုလ်တွေဆက်လက်ဆွေးနွေးရ မယ်လို့သိရပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.