အိန္ဒိယအကြမ်းဖက် တိုက်ခိုက်ခံရမှု ဒေါ်အောင်ဆန်းစုကြည် ၀မ်းနည်းသ၀ဏ်လွှာပို့

အိန္ဒိယ Jammu နဲ့ ကက်ရှ်မီးယားဒေသ Anantnag ခရိုင် အကြမ်းဖက် တိုက်ခိုက်ခံရမှု

အိန္ဒိယနိုင်ငံမှာ ဇူလိုင်လ ၁၀ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တွေအတွက် အထူး ၀မ်းနည်းကြေကွဲရပါကြောင်း ဖော်ပြထားတဲ့ သ၀ဏ်လွှာတစောင်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ၀န်ကြီးချုပ် နေရိန်ဒရာ မိုဒီဆီကို ဇူလိုင်လ ၁၃ ရက်နေ့စွဲနဲ့ ပေးပို့ခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီ ဆိုးသွမ်းရက်စက်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ပြစ်တင် ရှုတ်ချတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာမှာ ရေးထား ကြောင်းလဲ သံရုံးရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

Jammu နဲ့ ကက်ရှ်မီးယားဒေသ Anantnag ခရိုင်မှာရှိတဲ့ Amarnath ဟိန္ဒူဘုရားကျောင်းကို သွားရောက်ဖူးမြော်သူတွေကို ဇူလိုင် ၁၀ ရက်နေ့မှာ အကြမ်းဖက်ဝါဒီတွေ တိုက်ခိုက်တာကြောင့် လူ ၇ ယောက်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်ဝါဒပုံစံအားလုံးနဲ့ ဒီဝါဒစွဲ လုပ်ဆောင်ချက်အားလုံးကို နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အတူ ပြစ်တင် ရှုတ်ချကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒီဖြစ်ရပ်အတွက် အိန္ဒိယ၀န်ကြီးချုပ်နဲ့အတူ အိန္ဒိယလူထု၊ အထူးသဖြင့်တော့ ကျန်ရစ်သူမိသားစုတွေအတွက် မြန်မာနိုင်ငံ အစိုးရကိုယ်စားအနေနဲ့ရော သူကိုယ်တိုင်အနေနဲ့ပါ အလေးအနက် ကိုယ်ချင်းစာနာပါကြောင်းနဲ့ အထူးဝမ်းနည်းကြေကွဲရပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာထဲမှာ ဖော်ပြထားတယ်လို့ အိန္ဒိယသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.