ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂ ရုံးခန်းဖွင့်ပွဲ ကျင်းပ


ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကို ဇူလိုင်လ ၉ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရုံးခန်းဖွင့်ပွဲတွင် တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကို ဇူလိုင်လ ၉ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရုံးခန်းဖွင့်ပွဲတွင် တွေ့ရစဉ်
Photo: Aung Thain Kha/ RFA
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ အနာဂတ် ကောင်းမွန်ရေးကိုသာ ရှေးရှုပြီး ကြိုးပမ်း ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်ကြောင်း ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဒီနေ့ ပြောပါတယ်။

ရန်ကုန်တက္ကသိုလ်သိပ္ပံဆောင်မှာ ကျင်းပတဲ့ ကျောင်းသားသမဂ္ဂ ရုံးခန်းဖွင့်ပွဲ အခမ်းအနားမှာ ၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အခုလိုပြောကြား ခဲ့တာဖြစ်ပါတယ်။

"နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း မှာလိုက်ပါတယ်၊ ကျောင်းသား ကျောင်းသူတွေကို နှစ်ခုပဲ မှာဖို့ကို ပြောပါတယ်၊ နံပါတ်တစ်ကတော့ ရှေ့ကိုကြည့်ဖို့တဲ့၊ ပြီးခဲ့တာတွေသည် ပြီးသွားပြီ၊ ရှေ့ကိုပဲ ကြည့်ပြီးတော့မှ ကိုယ့်ရဲ့အနာဂတ် ကောင်းဖို့အရေး တိုင်းပြည်ရဲ့အနာဂတ် ကောင်းဖို့အရေးအတွက် ရှေ့ ကိုပဲကြည့်ပြီးတော့မှ ကိုယ့်ရဲ့ဖွံ့ဖြိုးတိုးတက်ရေး တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ ရှေ့ကို ဆက်လက်ပြီးတော့ ချီတက်သွားဖို့လို့အတွက် ဒါတွေမှာတာကို ကျနော် တင်ပြလိုပါတယ်"

အခမ်းအနားကို တက်ရောက်လာတဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျောင်းသားသမဂ္ဂတွေ ဟာ တရားမဝင်အသင်း မဟုတ်ကြောင်း ပြောခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ အဖွဲ့ဝင် ၅၀လောက် ရှိတယ်လို့ သိရပါတယ်။

ကျောင်းသားသမဂ္ဂရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ပညာရေးဝန်ကြီးဌာန၊ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ တက္ကသိုလ် ဆရာ၊ ဆရာမတွေလည်းတက်ရောက်ခဲ့ကြပြီး ကျောင်းသား သမဂ္ဂအဆောက်အအုံတည်ဆောက်မယ့် နေရာကို သွားရောက်ကြည့်ရှုခဲ့ကြ ပါတယ်။ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဆောက်လုပ်ဖို့အတွက် ပြည်ထောင်စုဝန်ကြီးဌာနက ဘတ်ဂျက်ချထားပေးပြီးဖြစ်တယ်လို့ သိရပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.