" ၂၀၁၁ခုနှစ်က နော်ဝေနိုင်ငံကိုပင့်ဆောင်သွားတဲ့ ကုန်းဘောင်ခေတ်ကဗုဒ္ဓဆင်းတုတော် မြန်မာနိုင်ငံကို ပြန်လည်ပေးအပ်



နေပြည်တော် ဇူလိုင် ၆ ရက်။ ။

၂၀၁၁ ခုနှစ်မှာနော်ဝေ နိုင်ငံကို ပင့်ဆောင်သွားတဲ့ ကုန်းဘောင်ခေတ်နှောင်းလက်ရာ ဗုဒ္ဓဆင်းတု တစ်ဆူကို မြန်မာနိုင်ငံသို့ ယနေ့ (ဇူလိုင် ၆) ရက်နေ့မှာ ပြန်လည်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အဲ့သည်ဆင်းတု ရုပ်ပွားတော်ကိုနေပြည်တော်ရှိ အမျိုးသားပြတိုက်ခန်းမ မှာပဲထားရှိပြီး အပူဇော်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

" နော်ဝေ နိုင်ငံကို အဲသည်ဆင်းတုတော် တင်သွင်းလာတဲ့သူက ထိုင်းနိုင်ငံသားမှန်းသိတော့ ထိုင်းနိုင်ငံကို မေးတယ် ။ ထိုင်းနိုင်ငံကလည်း သူတို့ဆင်းတု မဟုတ်ဘူးဆိုတဲ့ အတွက် နော်ဝေ သမိုင်းပြတိုက်မှာ ထားရင်းနဲ့ မြန်မာနိုင်ငံရဲ့ဆင်းတုမှန်းသိတာကြောင့် အခုလို ပြန်ပေးတာပဲ ဖြစ်ပါတယ်။ " လို့ အမျိုးသားပြတိုက်မှ ညွန်ကြားရေးမှူး ဦးရဲမင်းအောင်ကပြောပါတယ်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး သူရ ဦးအောင်ကိုအား လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့သည် ဆင်းတုတော်မှာ စကျင်ကျောက်အမျိုးအစားဖြစ်ပြီး သက်တမ်းအား ဖြင့်နှစ်ပေါင်း ၁၅၀ နဲ့ ၂၀၀ ကြား ကြာမြင့်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo /Author - မိုးမိုး
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.