မြန်မာပရိသတ်များ၏ အားပေးမှု့ နှင့်အတူ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ပြီဟု အောင်လအန်ဆန်း ပြောကြား



ရှားနိုင်ငံသားဗစ်တာလီ ဘစ်ဒက်ခ်ျကို အငြင်းပွားဖွယ်မရှိ
အနိုင်ရခဲ့ကာ One Championship မစ်ဒယ်ဝိတ်တန်း
ကမ္ဘာ့ချန်ပီယံသရဖူကို ရရှိခဲ့ပြီးနောက် မြန်မာပရိသတ်များ၏
အားပေးမှု့ ကို အောင်လအန်ဆန်းက အထူးကျေးဇူးတင်စကားပြောကြားခဲ့သည်။

အောင်လအန်ဆန်းမှာ ဇွန် ၃၀ ညက ရန်ကုန်မြို့ သုဝဏ္ဏတွင် ကျင်းပခဲ့သည့် One Championship ပွဲစဉ် ၅၆ တွင်
လက်ရှိမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဗစ်တာလီဘစ်ဒက်ခ်ျကို အနိုင်ရခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ဇန်နဝါရီက ဘစ်ဒက်ခ်ျကို အငြင်းပွားဖွယ်မရှိ ရှုံးနိမ့်ခဲ့သည့် One Championship ပွဲစဉ် ၅၁ ၏ ရှုံးကြွေးကို ပြန်ဆပ်ကာ
ကမ္ဘာ့ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့ကိုယ်ခံပညာတိုက်ခိုက်ရေးနယ်ပယ်တွင် ပထမဆုံး
အကြိမ် ကမ္ဘာ့ချန်ပီယံသရဖူရယူနိုင်သူထွက်ပေါ်လာခြင်းဖြစ်သည်။ ပွဲအပြီးတွင် အောင်လအန်ဆန်းက " ဘုရားသခင်သာမရှိရင် အခုလို ကမ္ဘာ့ချန်ပီယံ မဖြစ်ပါဘူး လေ့ကျင့်ဖက်ကစားဖော်တွေမရှိရင်လည်း မဖြစ်ပါဘူး မြန်မာဆိုတဲ့
ပရိတ်တွေ မရှိရင်လည်း မဖြစ်ပါဘူး ကျွန်တော်က ပါရမီရှင် မဟုတ်ပါဘူး မကောင်းဘူး မမြန်ဘူး မြန်မာပရိသတ်တွေရဲ့ အားပေးမှု့ နဲ့အတူ အားအင်တွေရပြီး အခုလို ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တာပါ မြန်မာ့  ဒီအသံကိုကြားရဲ့လား မြန်မာမှာ ကမ္ဘာ့ချန်ပီယံ တစ်ယောက်ရှိနေပြီ " ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆက်လက်ပြီး ပြိုင်ပွဲများဆက်လက်ကစားသွားမည်ဖြစ်ပြီး စိန်ခေါ်သူ မည်သူ့ ကိုမဆို အဆင်သင့်ရှိသည်ဟုလည်း
အောင်လအန်ဆန်းက ပြောကြားခဲ့သည်။

ဓါတ်ပုံ Htet Wai

The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.