မစ္စယန်ဟီးလီရဲ့ ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်းအဆို လွှတ်တော်အတည်ပြု



နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် ဇူလိုင်လ ၂၅ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့စဉ်။ Photo: Win Ko Ko Latt/RFA
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီရဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

အဲဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၃ ယောက်က ထောက်ခံဆွေးနွေးခဲ့သလို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် ကလည်း ထောက်ခံခဲ့ပါတယ်။

ဒါ့အပြင် မစ္စယန်ဟီးလီရဲ့ ထုတ်ပြန်ချက်ဟာ တိကျမှန်ကန်မှုမရှိသလို အတည်မပြုရသေးတဲ့ သတင်းတွေ၊ စွပ်စွဲချက်တွေကို ထည့်သွင်းဖော်ပြထားတဲ့အတွက် ဟန်ချက်ညီမျှမှု ကင်းမဲ့တယ်လို့ ဒုတိယဝန်ကြီး ဦးကျော်တင်က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အဆိုကို ထောက်ခံဆွေးနွေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေ ကို ပြည့်စုံစွာဖော်ပြခြင်းမရှိကြောင်း၊ အဲဒီထုတ်ပြန်ချက်မှာ စွပ်စွဲချက်တွေသာ ပါဝင်နေကြောင်း ကိုယ်စားလှယ်တွေက တင်ပြခဲ့ပါတယ်။

မစ္စယန်ဟီးလီရဲ့ သတင်းထုတ်ပြန်ချက်မှာ လုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆင်ရေးတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်လို့ ပါရှိပါတယ်။

မစ္စယန်ဟီးလီရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ယေဘုယျစွပ်စွဲချက်တွေနဲ့ မှားယွင်းတဲ့ အချက်အလက်တွေ ပါဝင်နေကြောင်း အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ စိတ်ပျက် ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.