နိုင်ငံရေးအကျဉ်းသား လှူးရှောင်ပိုး ကွယ်လွန်ပြီ


နိုဘယ်ဆုရှင် တရုတ်နိုင်ငံရေးအကျဉ်းသား လှူးရှောင်ပိုး (ကြာသပတေးနေ့) မနေ့ညက ကွယ်လွန်သွားပါပြီ။ ညနေ ၅ နာရီခွဲမှာ လှူး ကွယ်လွန်သွားချိန်က ဆေးရုံမှာ သူ့မိသားစုဝင်တွေရှိနေခဲ့တယ်လို့ တရုတ် ဆရာဝန်တွေက ပြောပါတယ်။

တရုတ်အစိုးရကို ဒီမိုကရေစီပြောင်းလဲရေး လုပ်ဆောင်ဖို့ ရေးသားပြောဆိုမှုတွေအတွက် နိုင်ငံတော် အကြည်ညိုပျက်စေတယ် ဆိုပြီး ၂ဝဝ၉ ခုနှစ်မှာ ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံခဲ့ရတဲ့ လှူးရှောင်ပိုး ကို အသဲကင်ဆာဖြစ်ပြီးနောက် ထောင်ကနေ ဆေးရုံပို့ခဲ့ပေမယ့် ရောဂါကျွမ်းနေပြီဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ လှူးဟာ ၁၉၈၉ တီယန်နမ်မင်ရင်ပြင် ဒီမိုကရေစီလူထုအုံကြွပွဲမှာ ထင်ရှားလာခဲ့တဲ့ လူထုခေါင်းဆောင် တဦးဖြစ်ပါတယ်။

၂ဝ၁ဝ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လှူးရှောင်ပိုး အခုလိုကွယ်လွန်မှုအတွက် တရုတ်အစိုးရမှာ တာဝန်အပြည့်အဝရှိကြောင်း နိုဘယ်ကော်မတီက ကြေညာချက်ထုတ်ခဲ့သလို ဂျာမဏီ ဝန်ကြီးချုပ် အင်ဂျယ်လာ မာကယ်ကလည်း လှူးရှောင်ပိုး ဟာ လူ့အခွင့်အရေးအတွက် အားမန်အပြည့်နဲ့ တိုက်ပွဲဝင်သွားခဲ့သူအဖြစ် ထုတ်ဖေါ်ချီးမွမ်းခဲ့ပါတယ်။

အလားတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက် တီလာဆန် Rex Tillerson ကလည်း လှူးဟာ သူ့တိုင်းပြည်နဲ့ လူသားအားလုံးရဲ့ ဘဝတွေ တိုးတက်ကောင်းမွန်ရေး၊ အမှန်တရားနဲ့ တရားဥပဒေစိုးမိုးရေးတွေအတွက် သူ့ဘဝကိုမြုပ်နှံသွားခဲ့ကြောင်း ပြောကြားရင်း နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထားတဲ့ သူ့ဇနီး Liu Xianobo ကို လွှတ်ပေးပြီး နိုင်ငံကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီအတောအတွင်းမှာပဲ ဘေဂျင်းမှာရှိတဲ့ အမေရိကန်သံအမတ်ကြီး Terry Branstad တယ်ရီ ဘရင်းစတက် ကလည်း တရုတ်အစိုးရကို နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein ဇာရိ အယ်လ် ဟူစိန် ကလည်း လှူရှောင်ပိုးဟာ ဒီမိုကရေစီထွန်းကားရေးအတွက် ငြိမ်းချမ်းစွာနဲ့ တစိုက်မတ်မတ် ရပ်တည်တောင်းဆိုခဲ့တဲ့ မီးရှူးတန်ဆောင် စံပြပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ ဂုဏ်ပြုပြောကြားခဲ့ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.