နိုင်ငံ ၁ဝဝ ကျော်မှာ ဗင်နီဇွဲလား နိုင်ငံသားတွေ လှုပ်ရှားလာ



လူထုဆန္ဒ ခံယူပွဲ ပုံစံမျိုး လုပ်ဖို့ အတိုက်အခံတွေ ဆော်ဩခဲ့
ဗင်နီဇွဲလား အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လွှတ်တော်သစ် ဖွဲ့စည်းနိုင်ဖို့ အစိုးရရဲ့ အစီအစဉ် အပေါ် ကမ္ဘာ တလွှား နိုင်ငံ အသီးသီးမှာ ရောက် နေကြတဲ့ ဗင်နီဇွဲလား နိုင်ငံသားတွေက သဘောထား ဆန္ဒတွေ ပေးခဲ့ကြပါတယ်။

အခုလို ဗင်နီဇွဲလား အစိုးရက ကျင်းပတာ မဟုတ်တဲ့ လူထုဆန္ဒ ခံယူပွဲ ပုံစံမျိုးကို ဗင်နီဇွဲလား အတိုက်အခံတွေရဲ့ ကမကထလုပ် ဆော်ဩမှုနဲ့ နိုင်ငံပေါင်း ၁ဝဝ ကျော်မှာ ပြုလုပ် ခဲ့တာပါ။

ဗင်နီဇွဲလား မြို့တော် ကာရာကတ်စ်မှာတော့ ယာယီမဲရုံ တစ်ရုံ အနီး မော်တော်ဆိုင်ကယ်တွေ စီးနင်းလာတဲ့ သေနတ် သမားတွေက ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၁ ယောက် သေဆုံးခဲ့ရပြီး၊ တခြားသူ ၃ ယောက်လည်း ဒဏ်ရာ ရသွားပါတယ်။

လွှတ်တော်သစ် ဖွဲ့စည်းဖို့ သမ္မတ နီကိုးလပ်စ် မာဒူရိုက ကြိုးပမ်းလာတာဟာ ဒီမိုကရေစီကို သေးသိမ်အောင် ပြုမူတာပဲ ဆိုပြီး အတိုက်အခံတွေက ပြစ်တင် ဝေဖန် နေပါတယ်။

သမ္မတ မာဒူရိုကတော့ အခုလို တရားမဝင် ဆန္ဒ ခံယူပွဲ ပြုလုပ်တာဟာ အဓိပ္ပာယ်ကင်းမဲ့တယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.